DVB Logo
Home
မြန်မာသတင်း
ဟောလိဝုဒ်မင်းသား နစ်ကိုးလပ်စ်ကေ့ဂ်ျပါဝင်သည့် ရုပ်ရှင် မြန်မာပြည်တွင် လာရိုက်ကူးမည်
DVB
·
March 28, 2019
ဟောလိဝုဒ်မင်းသား နစ်ကိုးလပ်စ်ကေ့ဂ်ျပါဝင်သည့် ရုပ်ရှင် မြန်မာပြည်တွင် လာရိုက်ကူးမည်
Donate to DVB

နာမည်ကြီးဟောလိဝုဒ် သရုပ်ဆောင်မင်းသား နစ်ကိုးလပ်စ်ကေ့ဂ်ျ ပါဝင်တဲ့ Jiu Jitsu အမည်ရ ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတချို့ကို မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးသွားဖို့ ရှိနေပါတယ်။

ဒီကားကိုတော့ နာမည်ကြီး Kickboxer ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ဒီမီထရီ လိုဂိုသည်တစ်စ်က တာဝန်ယူ ရိုက်ကူးမှာ ဖြစ်တယ်လို့ နိုင်ငံတကာ ရုပ်ရှင်၊ ဂီတနဲ့ အနုပညာ သတင်းတွေ ရေးသားဖော်ပြနေတဲ့ variety.com ၀က်ဆိုက်မှာ ရေးပါတယ်။

ဒါရိုက်တာ ဒီမီထရီ လိုဂိုသည်တစ်စ်က “အေလိန်းမောက်ဆီနဲ့ စူပါစတား နစ်ကိုးစ်လပ်ကေ့ဂ်ျတို့ အတူပူးပေါင်း သရုပ်ဆောင် ကြမယ့် ဒီကားရဲ့ ဇာတ်ဝင်ခန်းတွေကို မြန်မာပြည်မှာ ရိုက်ကွင်းတည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Jui Jitsu ရုပ်ရှင်ဟာ ကမ္ဘာတ၀န်းက သန်းနဲ့ချီတဲ့ သိုင်းပညာနဲ့ သိပ္ပံ ဆန်းကြယ် ရုပ်ရှင်ပရိသတ်တွေကို စိတ်ကျေနပ်မှု ရစေရမှာပါ”လို့ ပြောပါတယ်။

    Jiu Jitsu နာမည်နဲ့ပဲ ထင်ရှားတဲ့ ရုပ်ပြဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးမယ့် ဒီကားထဲမှာတော့ သရုပ်ဆောင်နစ်ကိုးလပ်စ်ကေ့ဂ်ျက ဂျူဂျစ်ဆုကိုယ်ခံပညာရှင် တယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး သူနဲ့အတူ လင်းနို့လူသားအဖြစ်နာမည်ကြီးတဲ့ သရုပ်ဆောင်မင်းသား အေလိန်း မောက်ဆီလည်း ပါဝင်မှာ ဖြစ်ပါတယ်။

သိပ္ပံစိတ်ကူးယဉ်အက်ရှင်ကားတကားအနေနဲ့ ရိုက်ကူးမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ ကမ္ဘာကို ၆ နှစ်တကြိမ် ကျူးကျော်ဝင်ရောက်တိုက်ခိုက်ကြမယ့် တခြားကမ္ဘာက ဂြိုဟ်သားတွေကို နီကိုလပ်စ်ကေ့ခ်ျက ဂျူဂျစ်ဆု တိုက်ခိုက်ရေးသမားတွေကို စုစည်းကာ ပြန်လည်ခုခံကာကွယ်ပြီး တိုက်ခိုက်ကြတာတွေကို ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

ရွှေကမ္ဘာလုံးဆုအပါအ၀င် အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ ၀ါရင့်သရုပ်ဆောင် နစ်ကိုးလပ်စ်ကေ့ဂ်ျနဲ့ Titans, Kickboxers စတဲ့ ရုပ်ရှင်တွေနဲ့ ပရိ သတ်ရရှိပြီးဖြစ်တဲ့ စတန့်မင်းသား အေလိန်းမောက်ဆီတို့ အတွဲညီညီ ပါဝင်သရုပ်ဆောင် ကြမယ့် ဒီကားရဲ့ ဇာတ်ဝင်ခန်းတွေကို မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေမှာ ရိုက်ကူးသွားမလဲ ဆိုတာ ကိုတော့ မသိရသေးပါဘူး။

    ပြီးခဲ့တဲ့ လပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်မှာ ဟောင်ကောင်အခြေစိုက် ရှောဘရားသား ရုပ်ရှင်ကုမ္ပဏီက Line Walker 2 ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သေးတာမို့ ဒီကားကတော့ ဒုတိယမြောက် လာရောက်ရိုက်ကူးတဲ့ နိုင်ငံခြားရုပ်ရှင်ကား ဖြစ်ဖို့ ရှိနေပါတယ်။

ဓာတ်ပုံ- Variety

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013