DVB Logo
Home
မြန်မာသတင်း
One Stop Mart စတိုးဆိုင် ဓားပြတိုက်သူ ၂ ဦးကို ဖမ်းမိ
DVB
·
March 28, 2019
One Stop Mart စတိုးဆိုင် ဓားပြတိုက်သူ ၂ ဦးကို ဖမ်းမိ
Donate to DVB

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ One Stop Mart စတိုးဆိုင်မှာ အရောင်းဝန်ထမ်းတွေကို ဓားထောက်ပြီး ငွေကျပ် ၁၆ သိန်းကျော်နဲ့ ပစ္စည်းတွေ ယူဆောင်သွားတဲ့ သူနှစ်ဦးကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၂၆ ရက် ည ၂ နာရီလောက်က မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် တပင်ရွှေထီးလမ်းနဲ့ နတ်သျှင်နောင်(၃)လမ်းထောင့်ရှိ One Stop Mart စတိုးဆိုင်မှာ ဆိုင်ဝန်ထမ်း ၂ ဦး ရှိနေစဉ် အမျိုးသား ၃ ဦး ဈေးဝယ်ဟန်ဆောင်ရောက်လာပြီး အရောင်းဝန်ထမ်းတဦးကို ဓားနဲ့ထောက်ပြီး အော်ရင်သတ်မယ်လို့ ခြိမ်းခြောက်ကာ ကောင်တာစားပွဲ အံဆွဲထဲက ကျပ်ငွေ ၁၆၂၄၅၀၀ ကျပ်၊ ဆိုင်အတွင်းရှိ ပစ္စည်းတွေနဲ့ လက်ကိုင်ဖုန်း(၂)လုံး၊ စုစုပေါင်းကျပ် ၂၇၂၆၇၀၀ သိန်းဖိုး ယူဆောင်သွားခဲ့တာပါ။

ငွေနဲ့ ပစ္စည်းတွေ ယူဆောင်သွားသူ ၃ ဦးကို ဥပဒေအရ အရေးယူပေးဖို့ One Stop Mart  ဆိုင်တာဝန်ခံက ဘုရင့်နောင်နယ်မြေရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေဟာ တရားခံဖမ်းမိရေး  လိုက်လံစုံစမ်းခဲ့တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ လှိုင်သာယာမြို့နယ်၊ ရှမ်းချောင်းရပ်ကွက်နေ အောင်ကိုဦး(ခ)ငခူ၊ အောင်ပိုင်မျိုး(ခ) အသေးလေးနဲ့ ဇာနည်အောင်(ခ)ချစ်ထူးတို့ဖြစ်ကြောင်းသိရတဲ့အတွက် မတ်လ ၂၇ ရက် ညနေမာ အောင်ပိုင်မျိုး(ခ)အသေးလေးကို သူ့ရဲ့နေအိမ်မှာ ဖမ်းမိခဲ့ပြီး ည ၈ နာရီခွဲမှာ ဇာနည်အောင်(ခ)ချစ်ထူး ကို (၁) ထိပ်ကားမှတ်တိုင်မှာ  ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူတွေကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေသူ အောင်ကိုဦး(ခ)ငခူ ကိုလည်း အမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013