DVB Logo
Home
မြန်မာသတင်း
ဗုဒ္ဓမြတ်စွယ်တော်ဖွင့်ပွဲ  ပဋိပက္ခဖြစ်ပွား၍ ပဲခူးဝန်ကြီးချုပ် လုံခြုံရေးအင်အားဖြင့်လာရောက်
DVB
·
March 28, 2019
ဗုဒ္ဓမြတ်စွယ်တော်ဖွင့်ပွဲ  ပဋိပက္ခဖြစ်ပွား၍ ပဲခူးဝန်ကြီးချုပ် လုံခြုံရေးအင်အားဖြင့်လာရောက်
1 / 6
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ နှစ်ပေါင်း ၁၃၁ နှစ်ရှိ ဗုဒ္ဓမြတ်စွယ်တော်ဖွင့်ပွဲမှာ ဘုရားမြေအငြင်းပွားရာက ကျေးရွာသားအချင်းချင်း ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့်  မတ်လ ၂၇ ရက်နေ့က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့က လုံခြုံရေးအင်အား ၈၀ နဲ့ စွယ်တော်ဖွင့်ပွဲကို တက်ရောက်ဖွင့်ပေးခဲ့ရတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက “ဘုရားဝတ္တက္ကမြေ ပိုင်ဆိုင်မှုအငြင်းပွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နေတာကို တိုင်းသံဃနာယက ဆရာတော်တွေနဲ့ တိုင်ပင်ပြီး ခွဲခြမ်းစိတ်ဖြာတာတွေကို မလုပ်စေချင်တဲ့အတွက် ဂေါပကအသစ် ပြန်ဖွဲ့ဖို့ ပြောထားပါတယ်။ လက်ရှိအချိန်မှာတော့ အစိုးရအဖွဲ့က မြတ်စွယ်တော်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို တာဝန်ယူ ဆောင်ရွက်နေပါတယ်"လို့ စွယ်တော်ဖွင့်ပွဲမှာ ဆရာတော်တွေကို လျှောက်တင်ခဲ့ပါတယ်။

ရွာသားတွေအကြား ဘုရားမြေတ၀က်ကို သူပိုင်တယ် ငါပိုင်ဆိုပြီး အငြင်းပွားပြီး တရားစွဲ ဆိုတာတွေလည်း ရှိနေပါတယ်။

ဗုဒ္ဓမြတ်စွယ်တော်ဂေါပကဥက္ကဋ္ဌ ဦးအုန်းမြင့်က “နိုင်ငံတော်သမ္မအထိ စာတင်တာတွေဖြစ်ပြီး စွယ်တော်ဖွင့်ပွဲကို ခြောက်နှစ်ပိတ်ထားခဲ့ရတယ်။ နောက်ဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့က ဖြေရှင်းပေးလို့ စွယ်တော်ပြန်ဖွင့်ခွင့်ရခဲ့တယ်။ ဒီနှစ်စွယ်တော်ဖွင့်ပွဲ ကျင်းပ မယ်ဆိုတော့ အငြင်းပွားတဲ့ ရွာသားတွေက အလံတိုင်စိုက်တာတွေ နှောင့်ယှက်တာတွေ လုပ်လာတော့ မြို့နယ်ကဖြေရှင်းပေးတာ အဆင်မပြေလို့ အခုလိုဝန်ကြီးချုပ်နဲ့ တိုင်းအစိုးရအဖွဲ့က လုံခြုံရေးချပေးပြီး တာဝန်ယူလုပ်ဆောင်းပေးတာ။ ဘုရားပွဲက ကိုးရက်လုပ်မှာဆိုတော့ ပြဿနာဖြစ်မှာစိုးလို့ လုံခြုံရေးအပြည့်အဝချထားရတယ်"လို့ ပြောပါတယ်။

မြန်မာသက္ကရာဇ် ၁၂၄၉ခုနှစ်က ဒွါရဝါဒီအုဂ်ဖိုဆရာတော်ဘုရားကြီးမှ သီဟိုဠ်ကျွန်းက ပင့်ဆောင်ပူဇော်ခဲ့ပြီး နှစ်စဉ်တပေါင်းလရောက်တိုင်း ဗုဒ္ဓမြတ်စွယ်တော်ဖွင့်ပွဲကို ၉ ရက်အထိ ကျင်းပခဲ့ပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013