DVB Logo
Home
မြန်မာသတင်း
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ကူညီရန်နှင့် အခွန်ကင်းလွတ်ခွင့်ပြုရန် မြန်မာတိုက်တွန်း
DVB
·
March 28, 2019
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို ကူညီရန်နှင့် အခွန်ကင်းလွတ်ခွင့်ပြုရန် မြန်မာတိုက်တွန်း
Donate to DVB

မြန်မာအပါအ၀င် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေကို လုံလောက်တဲ့ ပြည်ပအကူအညီ ပေးအပ်ဖို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က တိုက်တွန်းလိုက်ပါတယ်။

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့မှာ မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂ ညီလာခံမှာ ပြောကြားခဲ့တာလို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေကို လုံလောက်တဲ့ ပြည်ပအကူအညီပေးအပ်ဖို့လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အလေးပေးပြောကြားခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအားလုံးရဲ့ ထုတ်ကုန်အားလုံးအတွက် အခွန်ကင်းလွတ်ခွင့်နဲ့ ခွဲတမ်းသတ်မှတ်မှု ကင်းလွတ်ခွင့်တွေကို ဆက်ပေးဖို့လည်းထောက်ခံ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၀၁၈-၂၀၃၀ ကိုချမှတ်ကာ အမျိုးသားအဆင့် ကြိုးပမ်းအားထုတ်နေတယ်၊ ဒီစီမံကိန်းဟာ မြန်မာပြည်သူအားလုံး ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှု၊ သာယာဝပြောမှုနဲ့ နေထိုင်နိုင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး မျှော်မှန်းချက်နဲ့ ရေးဆွဲထားတာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဦးစားပေး အကောင်အထည်ဖော်မယ့် အဓိကစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပါဝင်တဲ့ Project Bank တည်ထောင်တာ အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းတည်ထောင်ဖို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေကြောင်းနဲ့ မြန်မာနိုင်ငံနဲ့  ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့် ဆောင်ရွက်ဖို့လည်း ပြည်ထောင်စုဝန်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း  အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်ဝန်ကြီးတွေနဲ့တွေ့ဆုံခဲ့ပြီး  မြန်မာနဲ့ အာဂျင်တီးနားနိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ ခရီးသွားလာရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါညီလာခံဟာ ၁၉၇၈ ခုနှစ်က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ညီလာခံမှာ ချမှတ်ခဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေးနဲ့ မြှင့်တင်ဆောင်ရွက်ရေး ဗျူနိုအေးရိစ်လုပ်ငန်းစဉ်ရဲ့ နှစ် (၄၀) ပြည့် အထိမ်းအမှတ် ကျင်းပ တာဖြစ်ပြီး နိုင်ငံပေါင်း ၁၆ဝ က အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့  ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013