DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားများကို အာဏာခွဲမပေးရင် စစ်ပွဲဆက်ရှိမည်ဟု ရခိုင်ပါတီပြော
DVB
·
March 28, 2019
တိုင်းရင်းသားများကို အာဏာခွဲမပေးရင် စစ်ပွဲဆက်ရှိမည်ဟု ရခိုင်ပါတီပြော
Donate to DVB

တိုင်းရင်းသားတွေကို အာဏာခွဲဝေမှုမရှိဘဲ ပြည်ထောင်စုအစိုးရက အာဏာကိုချုပ်ကိုင် ထားမယ်ဆိုရင် စစ်ပွဲတွေရှိနေမယ်လို့ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မြင့်က “တိုင်းရင်းသားလူမျိုးတွေ အာဏာခွဲဝေမှု မရှိဘဲ ပြည်ထောင်စုအစိုးရပဲ အာဏာအားလုံးကို ချုပ်ကိုင်ပြီးတော့ ဆက်ပြီးတော့ သွားမယ်ဆိုတဲ့ အယူအဆမျိုးပေါ့။ အဲဒီအယူအဆမျိုးကိုပဲ ဆက်ပြီးတော့ သွားနေမယ်ဆိုရင်တော့  စစ်ပွဲတွေ ဆိုတာ ဆက်ပြီးရှိနေမယ်ဆိုတာ ဦးအနေနဲ့ ထင်တယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရအနေနဲ့ လည်း ဒီတိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခါမှာ အဲဒီလိုရှိသမျှအာဏာကို ကိုယ်ပဲ ဆုပ်ကိုင် ထားမယ်ဆိုတဲ့ အယူအဆခွာပြီးတော့ တကယ့်တိုင်းရင်းသားလူထုတွေလည်း လုပ်ပိုင်ခွင်ရှိမယ့် ဖက်ဒရယ်စနစ်ဆီကိုသွားဖို့အတွက် ပြည်ထောင်စုအစိုးရအနေနဲ့ ရိုးရိုးသားသားနဲ့ ဆွေးနွေးဖို့ လိုတယ်”လို့ ပြောပါတယ်။

အခုလိုရခိုင်ပြည်နယ်မှာ လက်ရှိအချိန် စစ်ပွဲဖြစ်ပွားနေတာဟာ ကောင်းမွန်တဲ့ရလဒ် မဟုတ်သလို စစ်ပွဲတွေဖြစ်ပွားတာကြောင့် ပြည်သူတွေအနေနဲ့ ကြားမှာမြေစာပင်ဖြစ်နေရလို့ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ အဖြေရှာဖို့ လိုအပ်နေတယ်လို့လည်း ဦးကျော်မြင့်က သုံးသပ်ပြောပါတယ်။

“စစ်ပွဲဖြစ်ပြီဟေ့ဆိုရင်တော့ လူထုတွေကတော့ ကြားကမြေစာပင်ဖြစ်ရတယ်။ ဒါကြောင့် ဦးတို့ ALD အနေနဲ့ကတော့ ဒီလိုစစ်ပွဲမျိုးကို အခုလိုကာလမျိုးမှာပေါ့ မဖြစ်စေချင်တော့ဘူး။ မဖြစ်စေချင်ဘူးဆိုတာက နှစ်ဖက်အနေနဲ့ပေါ့ ဒါနိုင်ငံရေးပြဿနာဖြစ်တယ်၊ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုရင်တော့ နှစ်ဖက်လုံးစားပွဲပေါ်မှာ ထိုင်ပြီးတော့ညှိကြရမယ်။ နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာထိုင်ပြီးတော့ ဖြေရှင်းဖို့လိုပါတယ်”

ရခိုင်ပြည်နယ်မြောက်ပိုင်း ၅မြို့နယ်မှာ တပ်မတော်နဲ့ အေအေ (ရက္ခိုင့်တပ်မတော်)တို့  တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော်ထိရှိလာနေပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေလည်း ရှိနေပါတယ်။

သတင်း- နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013