DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစု၊ စမတ်ကျွန်းတွင် စုပေါင်းအမှိုက်ကောက်
DVB
·
March 28, 2019
မြိတ်ကျွန်းစု၊ စမတ်ကျွန်းတွင် စုပေါင်းအမှိုက်ကောက်
1 / 8
Donate to DVB

တနင်္သာရီတိုင်း မြိတ်ကျွန်းစုရှိ စမတ်ကျွန်းမှာ Trash Hero နဲ့ မြိတ်ခရီးသွားလုပ်ငန်းများနဲ့ သက်ဆိုင်သောအသင်းတွေ စုပေါင်းကာ မတ်လ ၂၇ ရက်က စုပေါင်း အမှိုက်ကောက်ခဲ့ကြပါတယ်။

မြိတ်ကျွန်းစုအတွင်းရှိ စမတ်ကျွန်း (ခ) ပါပန့်ကျွန်းမှာ မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များ အသင်း၊ ဧည့်လမ်းညွှန်များအသင်း၊ ဟိုတယ်အသင်းနှင့် Trash Hero တို့ ပူးပေါင်းကာ ကျွန်းသန့်ရှင်းသာယာရေးအတွက် အမှိုက်ကောက်ကြတာပါ။

"မြိတ်ကျွန်းစုအတွင်းမှာ ရှိတဲ့နေရာတွေကို သန့်ရှင်းစေချင်လို့ အမှိုက်ကောက်တာပါ။ အရင်က မြိတ်မြို့နယ်နဲ့ အနီးရွာတွေမှာ အမှိုက်ကောက်ဖူးပါတယ်။ အခုကျွန်းတွေကို စတင် ကောက်ပေးတာပါ။ ဒီမှာ ပလတ်စတစ်တွေ အရမ်းပေါတာတွေ့ရတယ်။ လာရောက်တဲ့ ဧည့်သည်တွေကို ပလတ်စတစ်တွေ မသုံးစေချင်ဘူး သုံးမယ်ဆိုရင်တည်း မိမိတို့လာတဲ့ နေရာကို ပြန်ယူသွားစေချင်တယ်။ ပလတ်စတစ်က ဒုက္ခအပေးဆုံး ပစ္စည်းတွေဖြစ်တယ်။ ဒါကြောင့် တခါသုံးတွေ မသုံးစေချင်ဘူး" လို့ Trash Hero မှ ကော်မတီဝင် မမျိုးမျိုးအိက ပြောပါတယ်။

ကမ်းခြေကို လာရောက်တဲ့ ခရီးသွားတွေကိုလည်း ပင်လယ်ပြင်နှင့်ကမ်းခြေမှာ လုပ်သင့် မလုပ်သင့်ကိစ္စတွေကို အသိပညာပေးတဲ့အပြင် ပလတ်စတစ်တွေနဲ့ပတ်သက်ပြီး သုံးစွဲရမယ့် နည်းလမ်းကို ပြောကြားပေးကြောင်း၊ နိုင်ငံခြားသားတွေထက် မြန်မာတွေက ပိုမိုပြီး ပလတ်စတစ်သုံးသလို တချို့ခရီးသွားတွေမှာလည်း ဧည့်လမ်းညွန်များပြောနေတဲ့ ကြားက ပစ်ချခဲ့တာမျိုးရှိကြောင်း၊ ငါးဖမ်းလှေတွေကလည်း အမှိုက်တွေ လာရောက်စွန့်ပစ်တာတွေ ရှိနေကြောင်း ဧည့်လမ်းညွှန် မဖွေးဖွေးဦးက ပြောကြားခဲ့ပါတယ်။

စမတ်ကျွန်းဟာ မြန်မာနိုင်ငံမှာ ထင်ရှားလာတဲ့ ကျွန်းတကျွန်းဖြစ်ကာ ခရီးသွား အများအပြား လာရောက်လည်ပတ်နေတဲ့ ကျွန်းဖြစ်တာကြောင့် ထိန်းသိမ်းမှုတွေ ပိုမို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013