DVB Logo
Home
မြန်မာသတင်း
မြန်မာအဆိုတော်မမ ၄ ယောက်ရဲ့ Sexy ကျကျ Rich Lady သီချင်း (ရုပ်သံ)
DVB
·
March 28, 2019
မြန်မာအဆိုတော်မမ ၄ ယောက်ရဲ့ Sexy ကျကျ Rich Lady သီချင်း (ရုပ်သံ)
Donate to DVB

“Ain’t nobody mess with me… Ain’t nobody fuck with me… Ain’t nobody play with me… Ain’t nobody lay with me… တညလုံးအိပ်ရေးပျက် Chitchat ဒါ တောင်မ၀သေးဘူး… ၀လုံးကို မလုံးဘူးပြော မင်းစာတောင် မတတ်သေးဘူး”

ဒါကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထွက်ရှိခဲ့ပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ Rich Lady အမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ တချိန်က နာမည်ကြီးခဲ့ကြပြီး အတွဲသီချင်းတွေနဲ့အတူ ပရိသတ် အားပေးမှုတွေ ရရှိခဲ့ကြတဲ့ အဆိုတော် ယုဇန၊ ခင်ဘုဏ်း၊ ရှင်ဘုဏ်းနဲ့ ရေဗက္က၀င်းတို့ ၄ ယောက်က အတွဲညီညီ သီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

“တွဲခဲ့ဖူးတဲ့ မင်းရဲ့ ကလေးမလို… မိဘရှေ့ လက်ဖြန့်တောင်းဖို့မလို… 8 digits in my pocket boy you’re in love with rich lady… oh… I’m Rich Rich Rich lady… Oh… I’m such a Rich lady… Uptown Girl မင်းရဲ့ မမ… ဒါ Highclass မင်းရဲ့ မမ… Confidence အပြည့်နဲ့ မမ… မင်းရဲ့ မမ”

ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့ ၄ ယောက်စလုံးက မော်ဒယ်တွေ ဖြစ်ကြတဲ့ တိုင်ရွန်၊ လင်းအောင်ခေတ်စတဲ့ လူငယ်မော်ဒယ်လ်တွေနဲ့အတူ အမိုက်စား သရုပ်ဆောင်မှုတွေ၊ အလန်းစားအကတွေနဲ့အတူ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါ တယ်။

“စိတ်ကူးယဉ်အကြောင်းဆွေးနွေးဖို့ အချိန်တွေ ငါမပေါဘူး… It’s time to go ! နင်အမြဲအဖော်စပ်တဲ့ Tik Tok ငါတကယ်မဆော့ဖူးဘူး… Oh No! အချစ်ဆုံးလို့ လှည့် ပတ်ပြောပြီး အတည်မယူနိုင်သေးဘူး… ဘောလုံးပန်းစည်း Surprise နဲ့ မကြည်ဖြူနိုင် သေးဘူး… နှလုံးသားချင်း အတင်းရင်းနှီးဖို့မလို… ဦးနှောက်အရေးကြီးတဲ့ ခေတ်သစ်မို့… စီးပွားရေးတော့ ကြိုးစားတတ်ဖို့လို… Oh”

Rich lady ဆိုတဲ့အတိုင်း ချမ်းသာပြည့်စုံတဲ့ မမတွေအနေနဲ့ ပီပီပြင်ပြင် ဟန်ပါပါ သရုပ်ဆောင်မှုတွေနဲ့ ဒီသီချင်းကိုတော့ တေးရေး ထက်အောင်က ရေးစပ်ပေးထားပြီး အဆို တော်မမတွေက သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွေပေါ်မှာလည်း ပရိသတ်တွေအတွက် မျှဝေ ထားခဲ့ကြပါတယ်။

“ကလေးကလား ထမလုပ်နဲ့… It’s boring… ဖုန်းဆက်မှ မင်းမိုးလင်း… ရှေ့ဆက် ဖို့ ဘ၀အတွက် ကြိုးစားရင်… Stop Rolling… Oh… I’m Rich Rich Rich lady… Oh… I’m such a Rich lady… Uptown Girl မင်းရဲ့ မမ… ဒါ Highclass မင်းရဲ့ မမ… Confidence အပြည့်နဲ့ မမ… မင်းရဲ့ မမ”

သီချင်းတွေ မဆိုတာလည်းကြာကြပြီဖြစ်ကြတဲ့ သူတို့ ၄ ယောက် အတူဆုံပြီး သီ ဆိုထားတဲ့ ဒီသီချင်းဟာ အင်တာနက်လူမှုကွန်ရက်စာမျက် နှာပေါ်မှာရော၊ ယူကျုဘ် ပေါ်မှာပါ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013