DVB Logo
Home
မြန်မာသတင်း
တပ်မတော်နေ့ ဂုဏ်ပြုညစာစားပွဲ ဗိုလ်ချုပ်မှူးကြီး မတက်ရောက်နိုင် (ဓာတ်ပုံ)
DVB
·
March 28, 2019
တပ်မတော်နေ့ ဂုဏ်ပြုညစာစားပွဲ ဗိုလ်ချုပ်မှူးကြီး မတက်ရောက်နိုင် (ဓာတ်ပုံ)
1 / 10
Donate to DVB

၇၄ နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို မနေ့ညက နေပြည်တော် ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်မှာ ကျင်းပရာမှာ ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ဇနီး ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ခဲ့ကြပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မတ် ၂၆ ရက်ညနေပိုင်း ရုံးဆင်းချိန် လှေကား အဆင်း ချေေချာ်လဲပြီး ဒူးဒဏ်ရာရခဲ့တာကြောင့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကိုရော  ဂုဏ်ပြုညစာစားပွဲကိုပါ တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဒ့ါအပြင် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားတပ်မတော် အရာရှိကြီး တွေကို ဂါရ၀ပြုကန်တော့တဲ့ အခမ်းအနားကိုလည်း တက်ရောက် နိုင်ခြင်းမရှိပါဘူး။

ဂုဏ်ပြုညစာစားပွဲကို ကြည်း၊ ရေ၊ လေ တပ်မတော်အဆင့်မြင့် အရာရှိကြီးတွေ  သမ္မတဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အပါအ၀င် အငြိမ်းစား တပ်မတော်  အရာရှိတွေနဲ့ တပ်မတော်နေ့ ဂုဏ်ပြု "နာရီတစ်ရာ့တစ်ဆယ်" ဇာတ်လမ်းမှာ ပါဝင် သရုပ် ဆောင်ခဲ့တဲ့  အနုပညာရှင်တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013