DVB Logo
Home
မြန်မာသတင်း
ကြက်​သွန်​နီ ဈေးနှုန်းထိုးကျနေသဖြင့် တောင်သူများအရှုံးပေါ်နေ
DVB
·
March 28, 2019
ကြက်​သွန်​နီ ဈေးနှုန်းထိုးကျနေသဖြင့် တောင်သူများအရှုံးပေါ်နေ
Donate to DVB

ပြည်​တွင်းပြည်​ပက ဝယ်​လက်​​တွေ ရှားပါးလာတဲ့အတွက်​ ကြက်​သွန်​နီ ​ဈေးနှုန်းတွေ တရှိန်ထိုးကျဆင်းနေပြီး ကြက်သွန်စိုက်တောင်သူတွေ အရှုံးပေါ်နေပါတယ်။

လက်​ရှိကြက်​သွန်​နီ​ဈေးနှုန်းဟာ တပိဿာကို ကျပ် ၃၅၀ ထိ ​ဈေးဆစ်​ခံ​နေကြရပြီး လက်​လီ​ဈေးကွက်​ပဲ အ​ရောင်းဝယ်​ဖြစ်နေတယ်လို့ မ​ကွေးမြို့က ကြက်​သွန်​ပွဲရုံလုပ်​ငန်း လုပ်​ကိုင်​သူ ဦးမြင့်​​အောင်​ကပြောပါတယ်။

“ပြည်​မြို့၊​အောင်​လံမြို့တို့က အနည်းငယ်​သာမှာယူကြပြီး ​ရန်​ကုန်​ဘက်​က မှာယူမှု မရှိသ​လောက်​ဖြစ်​​နေတယ်။ ကြက်​သွန်​နီ အထွက်​နှုန်း​ကောင်း​ပေမယ့် အလုံးကြီး​တွေ အ​ရောင်း ဝယ်​နည်းပြီး အလုံးလတ်​၊ အလုံး​ချော​တွေသာ လက်​လီ​ဈေးကွက်​မှာ အ​ရောင်းဝယ်​ဖြစ်​​နေတာ” လို့ ပြောပါတယ်​။

မြန်​မာနိုင်​ငံကထွက်​တဲ့ ကြက်​သွန်​နီ​တွေကို အရင်​နှစ်​​တွေက အိန္ဒိယနိုင်​ငံနဲ့ ဘင်္ဂလား​ဒေ့ရှ်​ နိုင်​ငံ​တွေက အဓိကဝယ်​ယူခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာတော့ ရန်​ကုန်​ကုန်​စည်​ဒိုင်​​တွေက အ၀ယ်မရှိသ​လောက်​ဖြစ်​နေသလို ရခိုင်​ပြည်​နယ်​ဘက်​မှာတိုက်​ပွဲ​တွေ ဖြစ်​​နေလို့ ဘင်္ဂလားဒေ့ရှ်ဘက်ပို့မယ့် ဝယ်​လက်​​တွေလည်း မလာကြတဲ့အတွက်​ ​ဈေးနှုန်းကျဆင်းတာလို့ ကုန်တွေထံက သိရပါတယ်။

ဒါ့အပြင် အခုနှစ်မှာ ရာသီဥတုနဲ့ ပိုးမွှားဖျက်​ဆီးတဲ့အတွက်လည်း​ ကြက်​သွန်​နီ အထွက်​နှုန်း​လျော့ပြီး အရှုံးပေါ်နေတယ်လို့ ကြက်သွန်စိုက်တောင်သူတွေကပြောပါတယ်။

မြို့သစ်​မြို့နယ်​က ကြက်​သွန်​နီစိုက်​​တောင်​သူ ဦး​အောင်​ကြီး က​တော့ “ပြည်​ပ ပို့ကုန်​ အဖြစ်​တင်​ပို့နိုင်​မှ ​ဈေး​ကောင်း ရရှိ​နိုင်​မှာဖြစ်​တယ်​။ တောင်​သူ​တွေ ဟာ အရင်းနှီး စိုက်​ထုတ်​သ​လောက်​ သီးနှံ​ဈေး​ကောင်းမရတဲ့အတွက်​ အရှုံး​ပေါ်​နေတာပါ။ သီးနှံ ​ဈေးကွက်​နဲ့ အထွက်​နှုန်းမ ကောင်းတဲ့ အတွက်​ တချို့​တောင်​သူ​တွေနဲ့ လုပ်​သား​တွေဟာ ပြည်​ပထွက်​ပြီး အလုပ်​လုပ်​ကိုင်​ကြတဲ့ အတွက်​ အလုပ်​သမားရှားပါးပြီး အထွက်​နှုန်းထိခိုက်​တာ​တွေလည်း ရှိ​နေပါတယ်​လို့"ဆိုပါတယ်​။

မနှစ်က ကြက်​သွန်​နီ တ​ပိဿာကို အမြင့်ဆုံး​ဈေးကျပ်  ၂၅၀၀ ရောင်းချခဲ့ရ​ပေမယ့် အခုနှစ်​ကြက်​သွန်​​ပေါ်ချိန်​မှာတော့ တ​ပိဿာကိုကျပ်   ၄၅၀ လောက်နဲ့သာ ​ရောင်းချကြရတဲ့ အတွက်​ တောင်​သူ​တွေ အရှုံးနဲ့ ရင်​ဆိုင်​​နေကြရတာပါ။

မြို့သစ်​မြို့နယ်​ကွင်း​ကျေးရွာက ကြက်​သွန်​နီစိုက်​ ​တောင်​သူ ကို​အေးလွင်​က" အရင်နှစ်​က တပိဿာကို အနိမ့်​ဆုံး ၆၅၀ ကျပ်​ထိ ​ရောင်းရ​ပေမယ့် ယခုနှစ်​မှာ ၄၅၀ ကျပ်​သာ ရရှိတာပါ။ လုပ်​သားငှားရတဲ့ အ​နေထားနဲ့ဆိုရင်​ တွက်​​ခြေ မကိုက်​ဘူး အရှုံး​ပေါ်တယ်​လို့"​ပြောပါတယ်​။

ကြက်​သွန်​နီ​ဈေးနှုန်း ကျဆင်း​ပေမယ့်လည်း ​မြေသြဇာ၊ ပိုးသတ်​​ဆေး၊​ ပေါင်းသတ်​​ဆေး ​ဈေးနှုန်း​တွေကတော့ မြင့်​တက်​ ​နေတယ်​လို့ သိရပါတယ်​။

ကြက်​သွန်​နီ ကုန်သည်လုပ်​ငန်းရှင်​​တွေအ​နေနဲ့ ပြည်​ပ​ဈေးကွက်​ကို ချိတ်​ဆက်​ပြီး ထိုက်​သင့်​တဲ့ ​ဈေးနဲ့ ဝယ်​ပေးကြဖို့ ကြက်​သွန်​နီစိုက်​​တောင်​သူ​တွေက ​မျှော်လင့် နေကြပါတယ်။

 

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013