DVB Logo
Home
မြန်မာသတင်း
နော်ဝေနိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်၌ လျှပ်စစ်ကား အတွေ့အကြုံဖလှယ်မည်
DVB
·
March 27, 2019
နော်ဝေနိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်၌ လျှပ်စစ်ကား အတွေ့အကြုံဖလှယ်မည်
1 / 3
Donate to DVB

နော်ဝေနိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီး မစ္စတာ ဒါ့ဂ်အင်ဂူ အူလ်စတင်ဟာ မြန်မာနိုင်ငံမှာရောက်ရှိနေပြီး ခရီးစဉ်အတွင်းမှာ လျှပ်စစ်ကားတွေ သုံးစွဲရေး အတွေ့အကြုံတွေ ဖလှယ်သွား မယ်လို့ ပြောပါတယ်။

လျပ်စစ်ကားတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လေထုညစ်ညမ်းမှုကို လျော့ချနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး ယနေ့ခေတ်နည်း ပညာဟာ အလျင်အမြန်တိုး တက်နေတဲ့အတွက် လမ်းတွေအနှံ့မှာ လျပ်စစ်ကားတွေ အသုံးပြုနိုင်ဖို့အတွက် အဆင်ပြေ နိုင်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော် ထင်ပါတယ်။ နောင်နှစ်ပေါင်းမကြာခင်မှာ လမ်းတွေမှာ ဒီကားတွေကို မောင်းနှင်ရင်း ၀ါယာလက်စနစ်နဲ့ အားသွင်းနိုင်တော့မှာပါ။ အားသွင်းတဲ့ စနစ်တွေလည်း နေရာတိုင်းမှာ ရှိနေမှာပါ။ ဒီအပိုင်းတွေကို အလျင်အမြန်ကျော်ဖြတ်နိုင်မှာပါ။”

နော်ဝေနိုင်ငံဟာ လျှပ်စစ်ကားသုံးစွဲမှု ကမ္ဘာမှာ အများဆုံးနိုင်ငံဖြစ်ပြီး ကားသစ်သုံးစီးမှာ တစီးဟာ လျပ်စစ်ကားတွေ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံဟာ ပလတ်စတစ်ဗူး အမှိုက်တွေကို recycle ပြန်လည်အသုံးပြုတဲ့ နေရာမှာ လည်း ၉၇ ရာခိုင်နှုန်းနဲ့ ကမ္ဘာမှာ အမြင့်ဆုံး နိုင်ငံဖြစ်ပါတယ်။   

နော်ဝေနိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီးဟာ မတ်လ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပြီး မတ် ၂၇ ရက်မှာ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

နော်ေ၀၀န်ကြီးဟာ ရန်ကုန်မှာရှိတဲ့ တယ်လီနောမြန်မာရုံးကိုသွားရောက်ပြီး  မြန်မာ ဆယ်ကျော်သက် ကျောင်းသူကျောင်းသား ၂ ဦးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့မှာတော့ နေပြည်တော်ရှိတဲ့ ပြည်ထောင်စုဝန်ကြီးတချို့နဲ့ တွေ့ဆုံပြီး ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ- နော်ဝေသံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013