DVB Logo
Home
မြန်မာသတင်း
တပ်မတော်ကို ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းအဖြစ်စေချင်ဟု အန်အယ်လ်ဒီပြော
DVB
·
March 27, 2019
တပ်မတော်ကို ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်းအဖြစ်စေချင်ဟု အန်အယ်လ်ဒီပြော
Donate to DVB

မြန်မာတပ်မတော်ကို ဂုဏ်သိက္ခာရှိရှိရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်စေချင်တယ်လို့ အန်အယ်လ်ဒီ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကြံ့ခိုင်ရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၃၂ပါတီတို့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာတွေ့ဆုံခဲ့တဲ့အပေါ်သဘောထားနဲ့ ပတ်သက်ပြီး ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။

လက်ရှိမြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်းကဏ္ဍ ပါဝင်နေတာဟာ ဒီမိုကရေစီ နည်းမကျဘဲ ပိုမိုရှုပ်ထွေးစေတယ်၊ ဒါကြောင့် အန်အယ်လ်ဒီ ပါတီအနေနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျော့ချနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဒေါက်တာ မျိုးညွန့်က ဆိုပါတယ်။

တပ်မတော်ရဲ့လုပ်ရပ်တွေကို ပြည်သူတွေက မနှစ်သက်တဲ့ကိစ္စတွေကို အလေးထား ဆောင်ရွက်စေလိုပြီး အဖွဲ့အစည်းအာဏာတည်မြဲရေးအတွက် တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့  မဆောင်ရွက်သင့်ဘူးလို့ ဒေါက်တာမျိုးညွန့်က အကြုံပြု ပြောပါတယ်။

ဒီကနေ့ ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားမှာ ထုတ်ပြန်တဲ့ ပါတီရဲ့ သဘောထားကြေညာချက်မှာလည်း တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ရပ်တည်စေချင်တဲ့အဖွဲ့ ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို ကိုးကားထည့်သွင်းဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံတာဟာ တပ်မတော်အနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားရေးအရ တွေ့ဆုံတာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013