DVB Logo
Home
မြန်မာသတင်း
အကြမ်းစား ဒိုင်ယာလော့ဂ်တွေနဲ့ ရေပန်းစားနေတဲ့ ‘သစ္စာနန်းတော်’ ရုပ်ရှင်(နမူနာ)
DVB
·
March 27, 2019
အကြမ်းစား ဒိုင်ယာလော့ဂ်တွေနဲ့ ရေပန်းစားနေတဲ့ ‘သစ္စာနန်းတော်’ ရုပ်ရှင်(နမူနာ)
Donate to DVB

    နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ မြင့်မြတ်၊ ရွှေမှုန်ရတီနဲ့ စိုးမြတ်သူဇာတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ သစ္စာနန်းတော်အမည်ရတဲ့ မြန်မာရုပ်ရှင်ကားဟာ အွန် လိုင်းပေါ်မှာတော့ နာမည်ကြီးနေခဲ့ပါတယ်။

    ဒီကားကိုတော့ Red Radiance ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး လွန်းထားထားရဲ့ ၀တ္ထုကို ဒါရိုက်တာ ၀င်းထွန်းထွန်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

    သစ္စာတရားကို တန်ဖိုးထားကိုးကွယ်ပြီး ချစ်သူဆီက သစ္စာကလွဲ ဘာမှမမျှော်လင့် ခဲ့တဲ့ မိန်းကလေးတယောက်နဲ့ အသက်ထက်ဆုံးသစ္စာရှိပါ့မယ်လို့ ကျိန်ဆိုထားခဲ့တဲ့ သူ့ ချစ်သူကြား မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတခုဝင် ရောက်လာချိန်မှာ ဘာတွေဖြစ်လာ မလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားထဲမှာတော့ သစ္စာတရားကိုကိုးကွယ်တဲ့ မိန်းကလေး လင်းထင်ထင် အဖြစ် ရွှေမှုံရတီက ပါဝင်ထားပြီး အတိတ်က အရိပ်ဆိုးတခုကြောင့် မမျှော်လင့်ပဲ ကြုံတွေ့ရတဲ့ အခြေအနေကြောင့် ချစ်သူ ၂ ဦးကြား ဝေခွဲမရနိုင်တဲ့ ပြဿနာတွေ ရင်ဆိုင်ရ သူ ထိန်ငြီးအဖြစ် မြင့်မြတ်တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ၀ါရင့်သ ရုပ်ဆောင် မင်းသမီး စိုးမြတ်သူဇာကတော့ ပြည့်တန်ဆာ ဒေါ်နှင်းဆီအဖြစ် ပီပီပြင်ပြင် ပါဝင်ထားခဲ့ပြီး သမီးဖြစ်သူ နှင်းဖြူ နေရာမှာတော့ ဆုမြတ်နိုးဦးက သရုပ်ဆောင်ထား ခဲ့တာပါ။

    ချစ်သူတွေကြား၊ မိခင်နဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာ၊ ကိုယ့်ကျင့်သိက္ခာနဲ့ သစ္စာတရားတွေအကြောင်းကို ပုံဖော်ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ် ခ် ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲကျော်ရှိနေခဲ့တာ ဖြစ်ပါ တယ်။

    ဇာတ်ကောင်စရိုက်ကို ပေါ်လွင်အောင် ပီပီပြင်ပြင် ဖော်ကျူးထားတဲ့ ခပ်ကြမ်းကြမ်း စကားလုံးဒိုင် ယာလော့ခ်တွေဟာလည်း အွန်လိုင်းပေါ်မှာတော့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

    ဒီကားကိုတော့ လာမယ့် ဧပြီလ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ကြေငြာထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013