DVB Logo
Home
မြန်မာသတင်း
စွန့်​လွှတ်​မြေပေါ်တွင် တပ်​ခြံစည်းရိုးခတ်မှု ရွှေသောင်ယံ​ဒေသခံများ ကန့်​ကွက်
DVB
·
March 27, 2019
စွန့်​လွှတ်​မြေပေါ်တွင် တပ်​ခြံစည်းရိုးခတ်မှု ရွှေသောင်ယံ​ဒေသခံများ ကန့်​ကွက်
Donate to DVB

ဧရာဝတီတိုင်း​၊ ​ရွှေ​သောင်​ယံမြို့၊ ခရင်​​ချောင်းရွာက ပြန်​လည်​စွန့်​လွှတ်​ထားတဲ့ အုန်းဥယျာဉ်ခြံမြေ​​တွေ​ပေါ်မှာ  မတ်​လ ၂၂ ရက်​​က အနောက်တောင်တိုင်းစစ်ဌာနချုပ်​ အမှတ်​ ၅ တိုင်းဗဟို​လေ့ကျင့်ရေးတပ်​က​နေ ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံ​တွေက ကန့်​ကွက်​ပါတယ်​။

ခရင်​​ချောင်းရွာက ဦးသိန်းမောင် အပါအဝင်​တောင်​သူ ၁၆ ဦးရဲ့ အုန်းခြံဥယျာဉ်မြေ​တွေကို ၁၉၉၆ ခုနစ်ကအမှတ်​ ၅ တိုင်းဗဟို​လေ့ကျင့်​​ရေးတပ်​က​နေ အုန်းပင်​ဖိုး​လျော်​​ကြေး​ပေးပြီး သိမ်းယူခဲ့ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရိပ်သာအဖြစ် တည်ဆောက်ခဲ့တာပါ။

ဒီအထဲက ပို​နေတဲ့ ​မြေဧက ၃၇.၄၄ ဧကကို ပြန်​လည်​စွန့်​လွှတ်​​တယ်​လို့ ​​ ​​တောင်​သူ​တွေဆီ စာထုတ်​​ပေးခဲ့​​ပေမယ့် ပြန်​မရပဲ ခြံစည်းရိုးခတ်ထပ်ခတ်တာလို့ ​​မြေသိမ်းခံ​တောင်​သူ​တွေက ​ပြောပါတယ်​။

မြေသိမ်းခံ​တောင်​သူ ​ဒေါ်ခင်​သန်း​အေးက "ဒီ​မြေ​တွေက ကျမတို့မိဘ​တွေ အိုစာမင်းစာအဖြစ်​ ချန်​ထားခဲ့တဲ့​မြေ​တွေပါ။ ဒါ​ပေမယ့် မိဘ​တွေကသာ ရနိုးရနိုးနဲ့ ​မျှော်​ရင်း ဆုံးသွားတယ်​။ အခုထိမရပါဘူး။ အိုစာစားမသွားရပဲ မင်းစာ ဖြစ်​ခဲ့ရတဲ့​မြေ​တွေပါ။ အခုလည်း​စွန့်​လွှတ်​တယ်ဆိုပြီး ခြံစည်းရိုး​တွေထပ်​ခတ်​လာတာကို ကန့်​ကွက်​ပါတယ်​"လို့ ​ပြောပါတယ်​။

တပ်​မ​တော်​က ပြန်​လည်​စွန့်​လွှတ်​တဲ့ မြေပေါ်မှာ ​ခြံစည်းရိုးခတ်​ပြီး အ​ဆောက်​အဦတွေ ​ဆောက်​ဖို့လုပ်​လာတာတယ်လို့လည်း ဒေသခံ​တောင်​သူ​တွေက ​ပြောပါတယ်​။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမှတ်​ ၁ ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦး​ဇော်​မျိုးမင်း "သူတို့ကိုယ်​စား အုပ်​ချုပ်​​ရေးမှူးတယောက်​အ​နေနဲ့ စိတ်​မ​ကောင်းပါဘူး။ နိုင်​ငံ​တော်​ အတိုင်​ပင်​ခံ နိုင်​ငံ​တော်​ သမ္မတကြီးနဲ့တကွ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​နဲ့တကွ တပ်​မ​တော်​ အရာရှိ အရာခံတပ်​သားများအားလုံး ကျနော်​တို့ဆီက တပ်​သိမ်း​မြေ​လေးကို ပြန်​မ​ပေးရင်​လည်း ​လျော်​​ကြေး နစ်​နာ​ကြေးကို ထိုက်​သင့်​သ​လောက်​​ပေးပါလို့ ​မေတ္တာရပ်​ခံချင်​ပါတယ်​"လို့ ပြောပါတယ်​။

တပ်​မ​တော်​က စွန့်​လွှတ်​တယ်​ဆိုတဲ့ ​အုန်းဥယျာဉ်​ခြံ​တွေ ပြန်​လည်​မရရှိတဲ့အ​ပေါ် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများစိစစ်ရေးကော်မတီက ၂၀၁၇ ခုနှစ်မေလက စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာအထက်အဆင့်ဆင့်ကို ဆက်​လက်​တင်ပြထားပေ​မယ့်​လည်း ထူးခြားမှုမရှိဘူးလို့ ​​ဒေသခံ​တွေက ပြောပါတယ်။

မြမင်းဦး(ပုသိမ်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013