DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်း ပီပီပြင်ပြင်မဖြစ်သေး
DVB
·
March 27, 2019
ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်း ပီပီပြင်ပြင်မဖြစ်သေး
Donate to DVB

အစိုးရအရာရှိတချို့ဟာ အဂတိလိုက်စားမှုမြောက်တယ်ဆိုတာတောင် သေသေချာချာ မသိကြသလို ဝန်ကြီးဌာနတွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေ ပီပီပြင်ပြင် ဖြစ်မလာသေးဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။

သက်ဆိုင်သူတွေအတွက် ထိခိုက်နစ်နာတာ အနည်းဆုံး၊ နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနိုင်ခြေ အနည်းဆုံးဖြစ်တဲ့ အဂတိလိုက်စားမှု ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို ကော်မရှင်က အကြိမ်ကြိမ် အကြံပေးပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဒီ တားဆီးကာကွယ်ရေး လုပ်ငန်းစနစ်ဟာဝန်ကြီးဌာနတချို့မှာ အရှိန်ယူနေရတုန်းပဲလို့လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောပါတယ်။

မတ် ၂၃ ရက် ပုသိမ်မြို့မှာ ကျင်းပတဲ့ အဂတိလိုက်စားမှု ကြိုတင် ကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးအရေးယူတာတွေကို ထိထိရောက်ရောက်နဲ့ ဆက်လုပ်နေဦးမယ်လို့ လည်းပြောပါတယ်။

ပြီးတော့ ဌာနတွင်း ဝန်ထမ်းတွေအချင်းချင်းမှာဖြစ်ဖြစ်၊ ဌာနပြင်ပ စီးပွားရေးလုပ်ငန်းတွေ ဒါမှမဟုတ် အများပြည်သူနဲ့ထိတွေ့ဆက်ဆံတဲ့ အပြုအမူတချို့ဟာ အဂတိလိုက်စားတာ ဖြစ်နိုင်တယ်ဆိုတာကို နားမလည်ဘဲ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်နေကြတာကြောင့် တရားစွဲခံရတာ များတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် ပင်ကိုယ် ရိုးသားဖြူစင်သူတွေလည်း ရှိနေပြီး အများအားဖြင့်တော့ အဲဒီသူတွေဟာ ရာထူးဌာနန္တရ အခွင့်အာဏာ၊ လာဘ်သပ်ပကာစီးပွားဥစ္စာ အပေးအယူတွေနဲ့ သူဘာသာသူ မျှခြေဖြစ်နေတဲ့ အဂတိလိုက်စားမှုနွံထဲမှာ မြုပ်နေပြီး အခုတော့ သူတို့အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးမှာ နေရာပြန်ယူ တက်ညီလက်ညီ တိုက်ဖျက်ဖို့ အချိန်ကျရောက်နေပြီလို့လည်း  ကော်မရှင်က သတိပေး နှိုးဆော်ပါတယ်။

အစိုးရဌာနတွေမှာ ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့တွေအနေနဲ့ မြို့နယ်နဲ့ ကျေးလက် အသီးသီးမှာ ဖြစ်နေတဲ့ ကိုယ့်ဌာနရဲ့ အဂတိလိုက်စားတာတွေကို ဖော်ထုတ်ဖို့၊ သေးငယ်တဲ့ လာဘ်ပေးလာဘ်ယူတွေကို နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့အရေးယူနိုင်ရေး တင်ပြဖို့တိုက်တွန်းပါတယ်။

ကြီးမားတဲ့ အဂတိလိုက်စားမှုတွေ ဆိုရင်တော့ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ကတဆင့် ကော်မရှင်ကို မြန်မြန် လွှဲပြောင်းပေးဖို့၊ ဌာနမှာ ကျင့်သုံးနေတဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်း အမိန့် ညွှန်ကြားချက်တွေမှာ အဂတိလိုက်စားမှု ဖြစ်နိုင်တဲ့ အန္တရာယ်ကိုတွေ့ရင် ပြည်ထောင်စု ဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့နဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တို့ကို တင်ပြသင့်တယ်လို့လည်း အကြံပြုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ မြန်မာနိုင်တ၀န်းမှာ အဂတိလိုက်စားတယ်လို့ အထောက်အထားခိုင်လုံတဲ့သူ ၄၆ ယောက်ကို တရားရုံးတွေကို တင်ပို့ တရားစွဲဆို နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013