DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၀ိုင်းဝန်းကြိုးပမ်းရန် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အန်အယ်လ်ဒီတိုက်တွန်း
DVB
·
March 27, 2019
ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၀ိုင်းဝန်းကြိုးပမ်းရန် ဖက်ဆစ်တော်လှန်ရေးနေ့တွင် အန်အယ်လ်ဒီတိုက်တွန်း
Donate to DVB

တပ်မတော်နဲ့ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေ သွေးစည်း ညီညွတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်တဲ့အထိ ဝိုင်းဝန်းကြိုးစားကြဖို့ အန်အယ်လ်ဒီပါတီက တိုက်တွန်း လိုက်ပါတယ်။

ဒီနေ့ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် အန်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ရန်ကုန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားမှာလည်း သဘာပတိက “ဖက်ဆစ်တော်လှန်ရေးနဲ့အတူ အစဉ်အလာကြီးမား လာခဲ့တဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ဂုဏ်ယူကြရသလို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကို လည်းကောင်း၊ တပ်မတော်ဟာ ပြည်သူနဲ့အတူ၊ တိုင်းရင်းသားတွေနဲ့အတူ တစိတ်တည်း တဝမ်းတည်း စုပေါင်းအင်အားအဖြစ်လက်တွဲပါဝင် အောင်ပွဲဆင်နိုင်ပါစေကြောင်း ဆုတောင်း နှိုးဆော် လိုက်ရပါတယ်” လို့ ပြောပါတယ်။

ပါတီရဲ့ ကြေညာချက်မှာလည်း တပ်မတော်ဟာ ပြည်သူလူထုနဲ့ တသားတည်းရှိပြီး ပြည်သူကို အလုပ်အကျွေးပြုတဲ့၊ တရားတဲ့စစ်ပွဲတွေနဲ့အတူ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ အမျိုးသား အင်အားစုကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းပန်းဖို့မဟုတ်၊ စစ်တပ်ဟာနိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတဲ့ စကားတွေကိုလည်း ထုတ်ပြန်ချက်မှာကိုးကား ဖော်ပြထားပါတယ်။

ပြီးတော့ အဖွဲ့ချုပ်အနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့ရတဲ့ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခြေအနေတွေကနေ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ အပြန် အလှန်ယုံကြည်မှုနဲ့ ချမ်းသာကြွယ်ဝမှုရှိတဲ့ ပတ်ဝန်းကျင်တခုရအောင် ရုန်းကန်နေရတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013