DVB Logo
Home
မြန်မာသတင်း
ထောင်တွင်း ကျဆုံးခဲ့သည့် ကိုသက်ဝင်းအောင် ၆ နှစ်ပြည့် ကျင်းပ
DVB
·
October 16, 2012
ထောင်တွင်း ကျဆုံးခဲ့သည့် ကိုသက်ဝင်းအောင် ၆ နှစ်ပြည့် ကျင်းပ
1 / 2
Donate to DVB

အခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ ဗကသများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင် မန္တလေးအကျဉ်းထောင်ထဲမှာ ကျဆုံးခဲ့တဲ့ ၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတရပ်ကို ရန်ကုန်မြို့က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ကိုသက်ဝင်းအောင်ရဲ့ မိသားစုတွေ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ မျိုးဆက်သစ် အခြေခံပညာ ကျောင်းသားတွေ စုစုပေါင်း  ၇၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

[caption id="attachment_31989" align="alignleft" width="300" caption="ကိုသက်ဝင်းအောင် "][/caption]

အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကို  ပွဲစီစဉ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမျိုးမင်းထိုက်က “ထောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသား နောက်ထပ် မရှိရေး၊ နောက်ပြီး ထောင်ထဲမှာ ကျဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ လူမသိ သူမသိ ဖြစ်နေသူတွေကို လူသိရှင်ကြား မှတ်တမ်းတင် ဂုဏ်ပြုရေး၊ အဓိက အဲဒါတွေကြောင့် လုပ်တာပါ။”

မြန်မာပြည် ဒီမိုကရေစီရေးကြိုးပမ်းမှုအတွင်း  အကျဉ်းထောင်အသီးသီးမှာ ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅၄ ဦး ရှိတယ်လို့ ကိုမျိုးမင်းထိုက်က ပြောပါတယ်။

ကိုသက်ဝင်းအောင်ရဲ့ မိသားစုဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၁ ဦးဖြစ်တဲ့ ဦးပြုံးချိုကလည်း ဒီနေ့ကျင်းပတဲ့ အထိမ်းအမှတ်ပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပြောဆိုပါတယ်။

“ဒီနေရာမှာ ခေတ်စနစ်တခုအတွက် ပေးဆပ်ခဲ့ကြတာတွေ အများကြီးရှိတယ်။ သူတို့ယုံကြည်မှု၊ သူတို့စွန့်လွှတ်အနစ်နာခံမှုတွေဟာ ကျနော်တို့ နောက် ဆက်လက် သယ်ဆောင်သွားတဲ့ မျိုးဆက်သစ်တွေအကုန်လုံးက မွန်မြတ် တန်ဖိုးထားနေပြီ။ အမှန်တရားတွေ ဖော်ထုတ်တော့မယ်။ အဲလိုအချက်အလက်တွေ အားလုံးပေါင်းစုလာတဲ့ ဒီလိုနေ့မျိုးမှာ ဒီလိုအဖြစ်အပျက်တွေဟာ အချည်းနှီးမဖြစ်ခဲ့ဘူးဆိုတာ အားလုံးကို သတင်းစကားပေးလိုက်တဲ့ နေ့တနေ့ပဲဖြစ်ပါတယ်။”

အခမ်းအနားမှာ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ကျောင်းသားသမဂ္ဂအလံတော်ကို ဒီနေ့ တက်ရောက်ခဲ့တဲ့ အခြေခံပညာကျောင်းသားတွေလက်ထဲ  လွှဲပေးနိုင်ခဲ့တယ်လို့လည်း ဦးပြုံးချိုက ပြောပါတယ်။

၁၉၉၈ ခုနှစ် နိုင်ငံရေးဆန္ဒပြပွဲတွေအပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့ ကိုသက်ဝင်းအောင်ဟာ ၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့မှာ မန္တလေးအကျဉ်းထောင်အတွင်း  စစ်အစိုးရအာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ ဒဏ်တွေကြောင့် ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013