DVB Logo
Home
မြန်မာသတင်း
ကေအန်ယူဒေသ လေ့လာရေးသွားသည့် ဧရာဝတီတိုင်းက ကျောင်းသားများ ကားမှောက် ၄ ဦးသေဆုံး
DVB
·
March 27, 2019
ကေအန်ယူဒေသ လေ့လာရေးသွားသည့် ဧရာဝတီတိုင်းက ကျောင်းသားများ ကားမှောက် ၄ ဦးသေဆုံး
1 / 6
Donate to DVB

ကရင်ပြည်နယ် ဘားအံခရိုင် ကေအန်ယူဌာနချုပ်ကို လေ့လာရေးသွားရောက်တဲ့ ဧရာဝတီတိုင်းက ကျောင်းသားတွေလိုက်ပါလာတဲ့ ကားတစီး  လှိုင်းဘွဲ့မြို့နယ် ဒေါနတောင်ပေါ်မှာ မတ်လ ၂၆ ရက်နေ့က တိမ်းမှောက်ပြီး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

နွေရာသီကျောင်းပိတ်ရက်မှာ ကေအန်ယူဌာနချုပ် တော်လှန်ရေးနယ်မြေကို လေ့လာရေး သွားရောက်ခဲ့ကြတဲ့ ဧရာဝတီတိုင်းက မျိုးဆက်သစ်လူငယ်တွေအပါအ၀င် ၁၈ ဦး စီးနင်းလိုက်ပါ လာတဲ့ မော်တော်ယာဉ်ဟာ တပ်မဟာ(၇) အဝင်တောင်ကုန်း မဲ့သရိရွာအနီးမှာ ကား ဘရိတ်ပေါက်ပြီး  တိမ်းမှောက်ခဲ့တာပါ။

ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၄ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ထိုင်းနယ်စပ် တာဆောင်ရမ်း ဆေးရုံက တဆင့် မဲဆောက်ဆေးရုံသို့ လွှဲပြောင်းကုသပေးနေပါတယ်။

အဆိုပါကားပေါ်မှာ  ကျောင်းသား ၁၆ ဦး၊ ကျောင်းဆရာ ၁ ဦးနဲ့ ရွာသား ၂ ဦးတို့လိုက်ပါလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013