DVB Logo
Home
Lead Story
အလန်းစားရိုက်ချက်၊ အမိုက်စားသီဆိုဟန်တွေနဲ့ ထွက်ရှိလာသည့် နီနီခင်ဇော်သီချင်းသစ်(ရုပ်သံ)
DVB
·
March 27, 2019
အလန်းစားရိုက်ချက်၊ အမိုက်စားသီဆိုဟန်တွေနဲ့ ထွက်ရှိလာသည့် နီနီခင်ဇော်သီချင်းသစ်(ရုပ်သံ)
Donate to DVB

    “ခြောက်သွေ့တဲ့ နွေရာသီရဲ့ နေ့ရက်ရှည်များထဲ… အိုဝို့အို… ငါ့စိတ်တွေ ပူလောင် မနေပဲ အေးချမ်းစေရမယ်”

    ဒါကတော့ အသစ်ထွက်ရှိလာတဲ့ Summer အမည်ရတဲ့ သီချင်းထဲက စာသားတွေ ဖြစ်ပြီး တေးသံရှင် နီနီခင်ဇော်နဲ့ Shine တို့က အတူသီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

    လက်ရှိ နွေရာသီကာလမှာ အလန်းစားရိုက်ချက်တွေ၊ အမိုက်စား သီဆိုဟန်တွေနဲ့ ဒီသီချင်းကိုတော့ ဒါရိုက်တာ XZ က ရိုက်ကူးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

    “ဒီအချိန်ဆို ဘာမှတွေးလို့မနေနဲ့တော့… နွေရက်ရှည်ထဲမှာ အကုန်လွင့်မျော လိုက်တော့… I Don’t Know.. ပူလောင်ခြင်းများလည်း မသိတော့… ငါအလွတ်လပ်ဆုံး သံစဉ်တွေနဲ့ စီးမျော… ဟိုး… ချွေးစက်တွေ ရွှဲစိုလို့နေလည်း… ဂရုမစိုက်ပါ… ဆက်တိုက် ကဲမှာပဲ… အားလုံးရဲ့ ပျော်ရွှင်သံတွေ နားထဲမှာ ပျံဝဲ”

    ကော့သောင်းမြို့ ကမ်းခြေနဲ့ ပင်လယ်ပြင်မှာ အမိုက်စားဖက်ရှင်တွေနဲ့အတူ မြူးမြူးကြွကြွ တင်ဆက်ထားတဲ့ ဒီသီချင်းထဲမှာတော့ နီနီခင်ဇော်၊ Shine တို့နဲ့အတူ Secret Pieces Dance Group ကလည်း အကအလှတွေနဲ့ ပူးပေါင်းပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။

    “နေ့ဘက်ဆို နေတွေပူလို့ ဘယ်သူမှ လျှောက်မသွားရဲ… အသားမမည်းချင်ရင်… အိမ်မှာ သနပ်ခါးလူးပြီး ပါးကွက်ကျားဆွဲ… မိတ်ဆွေ… ဘာကိစ္စနဲ့ အိမ်တွင်းအောင်းမှာ လဲ… လာစမ်းပါ… ပတ်ဝန်းကျင်ကို လျှောက်ပြီးလေ့လာမယ်… လမ်းမထက် ပန်းပိ တောက်တွေ ပွင့်နေချိန်မှာ… သင်းပျံ့လွန်းတဲ့ မွှေးကြိုင်ရနံ့တွေ ရင်မှာစွဲ”

    ဒီသီချင်းကိုတော့ နီနီခင်ဇော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်ကနေ မျှဝေထားခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့တာဖြစ်ပါ တယ်။

    ဒီသီချင်းထဲမှာ နီနီခင်ဇော်နဲ့အတူ ပါဝင်သီဆိုခဲ့သူ Shine ကတော့ BG18 Record Label မှ အဆိုတော်သစ်တဦးဖြစ်ပြီး Perfect အမည်ရတဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013