DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်းရဲထက်ကို စစ်ခုံရုံးက သေဒဏ်ချမှတ်
DVB
·
March 27, 2019
ဗိုလ်ကြီးဟောင်းရဲထက်ကို စစ်ခုံရုံးက သေဒဏ်ချမှတ်
Donate to DVB

ဒီကေဘီအေ ခွဲထွက်အဖွဲ့ရဲ့ လူယုံ တဦးဖြစ်ခဲ့ဖူးတဲ့   မြန်မာတပ်မတော်ဗိုလ်ကြီးဟောင်း ရဲထက်ကို စစ်ပြေးဥပဒေအပါအ၀င်  ပုဒ်မ ၃ ခုနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ သေဒဏ်ချမှတ်လိုက်ကြောင်း မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

သူ့ကို သေဒဏ်ချမှတ်ပြီးနောက်  မတ်လ ၂၂ ရက်နေ့မှာ မော်လမြိုင်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီး မော်လမြိုင်အကျဉ်းထောင်ကနေတဆင့် မိသားစုဝင်တွေဆီအကြာင်း ကြားခဲ့တာလို့ပြောပါတယ်။

“သူ့ကို ပုဒ်မ ၃၇ (ဃ) နောက်တခုက လ၀က အက်တဲ့။ နောက်တခုက စစ်ပြေးဥပဒေနဲ့။”

သူ့ကိုထောင်ဝင်စာသွားတွေ့ပြီး ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ အခုလိုချမှတ်ခံရတဲ့အပေါ်မှာ စိတ်ကောင်းဖြစ်ရကြောင်းလည်းပြောပါတယ်။

ဗိုလ်ကြီးဟောင်းရဲထက်ဟာ တပ်မတော်ကနေ ထွက်ပြေးလာပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဒီကေဘီအေ ခွဲထွက်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက်ကေအန်ယူ ဦးစီးတည်ထောင်ထားတဲ့ လေးကေကော်မြို့သစ်မှာ မိသားစုဝင်တွေနဲ့အတူ နေထိုင်နေထိုင်စဉ် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။  

ဗိုလ်ကြီးဟောင်းရဲထက်ဟာ တပ်မတော်စစ်တက္ကသိုလ်အပတ်စဉ်(၅၀)မှာ ကျောင်းဆင်းပြီး ကော့ကရိတ်အမြောက်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013