DVB Logo
Home
မြန်မာသတင်း
မြူးမြူးကြွကြွ အကအလှများနှင့် ထွက်ရှိလာသည့် အိုင်ရင်းဇင်မာမြင့်သင်္ကြန်သီချင်း(ရုပ်သံ)
DVB
·
March 26, 2019
မြူးမြူးကြွကြွ အကအလှများနှင့် ထွက်ရှိလာသည့် အိုင်ရင်းဇင်မာမြင့်သင်္ကြန်သီချင်း(ရုပ်သံ)
Donate to DVB

“ဒီသင်္ကြန် ဒိုးလေး ဒိုးလေး ဒိုးလေး ဒိုးလေး… မြူးကြွ ရေနန်းဗဟိုရ် ရေနန်းဗဟိုရ် … ဒီသင်္ကြန် ဒိုးလေး ဒိုးလေး ဒိုးလေး ဒိုးလေး…မြူးကြွ နှစ်ဦးအကြို ရေနန်းဗဟိုရ်”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး သင်္ကြန်သီချင်းတပုဒ်ရဲ့ စာ သားတွေမှန်း ရင်းနှီးကြပြီး ဖြစ်မှာပါ။

ဒီသီချင်းရဲ့ နာမည်ကတော့ ရေန်းဗဟိုရ်ဖြစ်ပြီး တေးရေး ဧထက်က ရေးစပ်ပေး ထားတာဖြစ်ကာ ဒီသီချင်းကို အဆိုတော်ပေါင်းများစွာ ပြန်လည်သီဆိုနေကြတာ ဖြစ်ပါ တယ်။

“မိုးစက်ပွင့်များလို့ ရေတွေစိုရွှဲ… ရင်တွေဘာတွေတုန်အောင် ပက်ကြတယ်… အ မုန်းမရှိဘူး အဖြူစင်ဆုံး… ရင်ခုန်သံစဉ်တွေ ဖြစ်ကြဦးမယ်… အဟောင်းတွေပစ်… ရင်ခုန် သံအသစ်… ပြန်လည်ပြင်ဆင် ထားခဲ့တော့ကွယ်… ဒီနှစ်သစ်ထဲမှာ ပျော်စရာတွေပဲ သ င်္ကြန်သီချင်းလေးနဲ့ ကမယ်”

ဒီတခါမှာတော့ ဒီသီချင်းကို တေးသံရှင် အိုင်ရင်းဇင်မာမြင့်ရဲ့ မြူးမြူးကြွကြွ သီဆို သရုပ်ဆောင်မှုတွေ၊ အကအလှတွေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

“ဟေး…လာ မဏ္ဍပ်အရှေ့လာ… ဟေးလာ ရှေ့လာ ရှေ့လာ ဟိုး…ဟေး… လာ မဏ္ဍပ်အရှေ့လာ… သီချင်းလေးလိုက်ဆို ကလိုက်ဦး… သီချင်းသံကြားရင် ရင်ခုန်လား ဟေ့… ဘာတွေညာတွေမလိုပါ ကလိုက်ပါတော့ဟေ့… အိမ်မက်ထဲကလို ဘုံပျံနတ်နန်း လေး… သင်္ကြန်ပျိုမေတွေ ကြိုဆိုနှစ်သစ်လေ… အဆိုးတွေမောင်းလာမယ်… အသစ်က ကောင်း သိပ်ကောင်း… လာခဲ့ သီချင်းလေး အသစ်များနဲ့ကမယ်… ဒီနှစ်သစ်ထဲမှာ ပျော်စ ရာတွေပဲ… သင်္ကြန်သီချင်းလေးနဲ့ ကမယ်”

ခုထွက်ရှိလာတဲ့ သီချင်းရုပ်သံဗွီဒီယိုကိုတော့ ဒါရိုက်တာ Jothar က ရိုက်ကူးပုံ ဖော်ပေးထားတာဖြစ်ပြီး တေးသံရှင် အိုင်ရင်းဇင်မာမြင့်နဲ့အတူ Life & Dance အဖွဲ့ရဲ့ မြူးကြွတဲ့ ကကွက်တွေနဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ဒီသင်္ကြန် ဒိုးလေး ဒိုးလေး ဒိုးလေး ဒိုးလေး… မြူးကြွ ရေနန်းဗဟိုရ် ရေနန်းဗဟိုရ် … ဒီသင်္ကြန် ဒိုးလေး ဒိုးလေး ဒိုးလေး ဒိုးလေး…မြူးကြွ နှစ်ဦးအကြို ရေနန်းဗဟိုရ်”

အိုင်ရင်းဇင်မာမြင့်ဟာ လက်ရှိနာမည်ကြီး တေးသံရှင်ပေါင်းများစွာကို မွေးထုတ် ပေးခဲ့တဲ့ အဆိုပြိုင်ပွဲတခုဖြစ်တဲ့ ၂၀၀၈ ခုနှစ် The Best Of Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်း အယ်လ်ဘမ်တွေမှာပါ သီဆိုရင်း တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး အောင်မြင်မှုတွေ ရရှိလာခဲ့ပါတယ်။

မြန်မာသံ သီချင်းတွေရော၊ ခေတ်ပေါ်သီချင်းတွေပါ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့  အိုင်ရင်းဇင်မာမြင့်ဟာ လက်ရှိမှာတော့ တကိုယ်တော် တေးသီချင်းအယ်လ်ဘမ်တွေ ဖြစ်တဲ့ ယိမ်းလိုက်၊ ချစ်လို့၊ MAR စတဲ့ အယ်လ်ဘမ် ၃ ချပ်ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013