DVB Logo
Home
Lead Story
မြူးမြူးကြွကြွသီဆိုဟန်ဖြင့် ပရိသတ်ကို ပွဲကျစေခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် လင်းခက်(ရုပ်သံ)
DVB
·
March 26, 2019
မြူးမြူးကြွကြွသီဆိုဟန်ဖြင့် ပရိသတ်ကို ပွဲကျစေခဲ့သည့် The Voice Myanmar ပြိုင်ပွဲဝင် လင်းခက်(ရုပ်သံ)
Donate to DVB

“စကားပြောရင် ကျနော်ကျနော်နဲ့… ဂျင်းဘောင်းဘီ အမြဲဝတ်တယ်… သိပ်လှတဲ့ ကောင်မလေး… ယောက်ျားလိုပဲ… အမြဲလျှောက်လျှောက်သွားတတ်တာခက်တယ်… ညီမလေးရယ်… ဒီလို ရှေ့ဆက်သွားရင်သွားပါ… သွားသွားသွား မင်းမှားမှာပဲ”

ဒါကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ တေးသံရှင် ထူးအိမ်သင်ရဲ့ ညီမလေးအမည်ရ တဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး ဒီတခါမှာတော့ ထူးခြားတဲ့ တင်ဆက်ပုံတမျိုးနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

စတုတ္ထမြောက် သီတင်းပတ်အဖြစ် ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲမှာ ပြည်မြို့က လာရောက်ယှဉ်ပြိုင်တဲ့ လင်းခက်ရဲ့ သီဆိုဖျော်ဖြေဟန်က Coach တွေကိုရော ပရိသတ်တွေကိုပါ ပွဲကျသွားစေခဲ့တာပါ။

“ပြောလိုက်ရင်မထီတထီနဲ့… ဘယ်သူ့မှ သူဂရုမစိုက်ခဲ့… သိပ်ဆိုးတဲ့ ကောင်မလေး… မြင်ရလေတိုင်း ဇွတ်တရွတ်နဲ့… ပြောရတာ ခက်တယ်… ညီမလေးရယ်… ဒီလို ရှေ့ဆက်သွားပါ လုပ်ပါ… လုပ်လုပ်လုပ် မင်းမှားမှာပဲ”

သီချင်းရဲ့ ပုံစံဟာ မြူးကြွတဲ့ သံစဉ်နဲ့ ခပ်ဆိုးဆိုးကောင်မလေးတယောက်အ ကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပြီး လင်းခက်ရဲ့ စည်းချက်နဲ့အညီ အမူအရာနဲ့ ပရိ သတ်ဘက်ကို လက်ညှိုးတထိုးထိုး သီဆိုဟန်က ပရိသတ်ကို ဆွဲဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Coach တွေကတော့ အစပိုင်းမှာ ပရိသတ်ရဲ့ ရယ်မောသံတွေနဲ့ အတူ နောက်ပြန် မလှည့်ခဲ့ပဲ နားဆင်အကဲဖြတ်နေခဲ့ကြတာကို တွေ့ရပါတယ်။

“ရိုးသားတာရဲရင့်တာလေး… ပွင့်ပွင့်လင်းလင်း ပြောတတ်တာမျိုးလေး… အကောင်းဆုံးပဲ… ဟုတ်တယ်… ဒါတွေအားလုံး မင်းတော်တယ်… မိန်းကလေးနဲ့ မသင့်တာ တွေ… စိတ်လွတ်လက်လွတ် လုပ်တတ်တာမျိုးလေး… ရေးရေရေ”

အဲဒီနောက် သီချင်းအဆုံးသတ်ကာနီးမှာတော့ Coach တွေထဲက တယောက်ဖြစ်တဲ့ ရန်ရန်ချန်းကသာ လှည့်ကြည့်ခဲ့ပြီး သူ့ရဲ့ အဖွဲ့ထဲမှာ ပါဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနောက် Coach တွေနဲ့ အမေးအဖြေပြုလုပ်ချိန်မှာလည်း တက်တက်ကြွကြွနဲ့ ဖြေဆိုနေခဲ့တာကလည်း ပြိုင်ပွဲဝင်တွေကြား သတိပြုမိစရာ ဖြစ်နေခဲ့တာပါ။

လတ်တလောမှာတော့ လင်းခက်ရဲ့ သီဆိုယှဉ်ပြိုင်မှု ရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျုဘ်ပေါ် မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သိန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

    မနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ The Voice Myanmar သီချင်းဆို ပြိုင်ပွဲဟာ ပရိသတ်စိတ်ဝင်စားအားပေးမှု များခဲ့ပြီး နိုင်ငံတကာမှာလည်း ပရိသတ်သန်းချီ ရှိနေတဲ့ The Voice သီချင်းဆိုပြိုင်ပွဲရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ကျင်းပနေတာပါ။

ဒီပြိုင်ပွဲမှာတော့ Blind Auditions, Battle Rounds, Knock Out Rounds နဲ့ နောက်ဆုံးအဆင့် Live Shows ဆိုပြီး အပိုင်းလေးပိုင်းခွဲကာ အကြိတ်အနယ်ယှဉ်ပြိုင်ကြ ရတာ ဖြစ်ပါတယ်။

မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Season 1 မှာတော့ Coach လင်းလင်းရဲ့ အဖွဲ့မှ ပြိုင်ပွဲဝင် ငွေစိုးက Winner ဆုကို ရရှိခဲ့ပါတယ်။

ခုလက်ရှိကျင်းပနေတဲ့ Blind Audition ပြိုင်ပွဲကို ကျင်းပခဲ့တာ သီတင်းပတ် ၄ ပတ် ရှိလာခဲ့ပြီဖြစ်ကာ အဆိုစွမ်းရည်ပြသနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများအပြား ပါဝင်ခဲ့ တာကို တွေ့ရပါတယ်။

ပထမသီတင်းပတ်မှာ မက်တယ်လ် အကြမ်းစားသီချင်းတပုဒ်သီဆိုရင်း ပရိသတ် အားပေးမှု ရရှိထားတဲ့ နိုဗန်ထူး၊ အင်္ဂလိပ်သီချင်းတပုဒ်ကို အကောင်းဆုံး သီဆိုပြသွားနိုင်တဲ့ တယော ဆရာမလေးခိုင်၊ ထူးခြားတဲ့ အမြွှာပြိုင်ပွဲဝင် ၂ဦးဖြစ်တဲ့ Twins Star၊ တခြားပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ A ဒေး၊ ခွန်းဝတီပြည့်၊ ဒုတိယပတ်မှာ အစွမ်းပြ သီဆိုနိုင်သူ ပန်ပန်ကြေးမုံ၊ တာတာ၊ ညိုမီမီထွန်း၊ ဇေရဲပိုင်၊  တတိယ သီတင်းပတ်မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြတဲ့ Hazel၊ ရတီ၊ Solomon King တို့ဟာလည်း ထူးခြားတဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်တာမို့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013