DVB Logo
Home
မြန်မာသတင်း
သောက်သုံးရေ ပြတ်လပ်သည့်ရွာများကို မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကူညီ
DVB
·
March 26, 2019
သောက်သုံးရေ ပြတ်လပ်သည့်ရွာများကို မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ကူညီ
Donate to DVB

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်အတွင်းက  နွေရာသီ သောက်သုံးရေ ပြတ်လပ်နေတဲ့ ကျေးရွာတွေကို မိတ္ထီလာ တက္ကသိုလ်ကျောင်းသားသမဂ္ဂက  သောက်သုံးရေ ကူညီ လှူဒါန်းပေးနေပါတယ်။

မိတ္ထီလာမြို့နယ် မကျီးတန်းရွာနဲ့ အရာတော် အလိုတော်ပြည့်ကျောင်းတိုက်၊ ညောင်ပင်လျှိုရွာတွေကို မိတ္ထီလာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပရဟိတရေးရာကော်မတီ ဖွဲ့စည်းပြီး သောက်သုံးရေ လှူဒါန်းပေးခဲ့ပါတယ်။

မိတ္ထီလာကျောင်းသားသမဂ္ဂက ကိုမင်းထက်မြတ်က “တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဆိုတာနဲ့ ပြည်သူအတော်များများက ဆန္ဒပြတဲ့အဖွဲ့လို့ ထင်နေကြတယ်။ အများအကျိုးကို သယ်ပိုးတဲ့အဖွဲ့ ပရဟိတတွေလုပ်တဲ့ အဖွဲ့ပါလို့ သိစေမြင် စေချင်ပါတယ်။”လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာအနောက် ဘက်ခြမ်းက သောက်သုံးရေပြတ်တဲ့ရွာတွေကိုလည်း သမဂ္ဂရံပုံငွေနဲ့ အလှူရှင်တွေရဲ့အကူအညီတွေနဲ့ ရေ ဂါလံ ၁၆၀၀ ဆန့် မီးသတ်ကား  ၇ခေါက်လောက် ကျောင်းသားတွေက သွားရောက် လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

ဘဝအလင်းရောင်ဘုန်းတော်ကြီးသင် ကျောင်းဆရာတော် ဥူးခေရဝံသက “တက္ကသိုလ် ကျောင်းသားတွေ သောက်သုံးရေ လာလှူကြတယ်။ ဥူးဇင်းကျောင်းက သောက်ရေ ထမင်းချက်ရေ အခက်အခဲ ရှိတယ်။ တွင်းက ရေငံတွေပဲ ထွက်တယ် ရေချိုအတွက် မိုးကျရေကို ကန်ထဲမှာ လှောင်ပြီး ပြန်သုံးရတယ် နွေရောက်ရင် ရေပြတ်တော့တာပါပဲ ကျောင်းမှာက ကျောင်းသား ၁၂၀လောက်ရှိတယ် အဲကလေးတွေအတွက် သောက်ရေခက်တာပေါ့" လို့ မိန့်ကြားပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့လည်း သောက်သုံးရေ ပြတ်လပ်မှုမရှိအောင် လုပ်ပေးနေပြီး ညောင်ပင်လျှိုရွာမှာ နွေရောက်ရင် ရေပြတ်တတ်တာကို အဆင်ပြေအောင် လုပ်ပေးနေတယ်လို့  လက်ထောက်ညွှန်မှူးဦးအေးဇော်မြင့်ကဒီဗွီဘီကို ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဒီဒေသမှာ  နွေရောက်ရင် ရွာပေါင်း ၃၀လောက်မှာ ရေရှားပါး ပြတ်လတ်ခဲ့ပေမယ့် အခုတော့ ရွာ ၄ ရွာလောက်ပဲ ကျန်ရှိပြီး ဒီရွာတွေမှာ ရေတွင်း ရေကန်တွေ လုပ်ပေးသွားဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။

သောက်သုံးရေပြတ်လပ်နေတဲ့ ကျေးရွာတွေအနေနဲ့  မိတ္ထီလာကျောင်းသား သမဂ္ဂကို ဆက်သွယ် အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013