DVB Logo
Home
မေးမြန်းခန်း
တနှစ်အတွင်း ပြည်တော်ပြန်နိုင်ဖို့ လူ့ဘောင်သစ်ပါတီ မျှော်လင့်
DVB
·
October 14, 2012
တနှစ်အတွင်း ပြည်တော်ပြန်နိုင်ဖို့ လူ့ဘောင်သစ်ပါတီ  မျှော်လင့်
Donate to DVB

အစိုးရက မတရားအသင်းအဖြစ် ကြေညာပြီးနောက် ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ လောက် ရပ်တည် လှုပ်ရှားခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက တနှစ်အတွင်းမှာ မြန်မာပြည်ထဲမှာ တရားဝင်ပါတီတရပ်အဖြစ် ရပ်တည် လှုပ်ရှားသွားနိုင်ဖို့ ပြင်ဆင်နေပြီလို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

မြန်မာပြည်မှာ ပြည်တွင်းစစ်ပြဿနာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့  ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံ ပြဿနာတွေရှိနေသေးပေမယ့် ပါတီအနေနဲ့ လက်ရှိပွင့်လင်းလာတဲ့ အခွင့်အရေးကို အမိအရ အသုံးချဖို့ လိုအပ်တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

လူ့ဘောင်သစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ  ကျောင်းသားထု အင်အားကို ကျောရိုးပြု ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြီးရင် အင်အားအကြီးဆုံး ပါတီအဖြစ် လူသိများပါတယ်။

အခု နှစ်ပေါင်း ၂၄ နှစ် ကြာခဲ့ပြီးနောက်  ပြည်ပကနေ ပြည်တွင်းကို ပြန်ဝင်တဲ့အခါမှာ ၈ လေးလုံးကာလက ပါတီအင်အားတောင့်တင်းခဲ့တဲ့ အခြေအနေမျိုး မမျှော်မှန်းနိုင်တော့ဘူးလို့ ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ မေးမြန်းချက်အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013