DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းမြို့နယ်တွင် ဗုံးသီးဟောင်းများ တွေ့ရှိ
DVB
·
March 25, 2019
မရမ်းကုန်းမြို့နယ်တွင် ဗုံးသီးဟောင်းများ တွေ့ရှိ
Donate to DVB

မရမ်းကုန်းမြို့နယ်မှာ မတ် ၂၄ ရက်နေ့ ဗုံးသီးဟောင်း ၆ လုံး တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

မတ်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက် အ.မ.က ၂ ရှေ့မှာ ကိုဆန်းမင်းဆိုသူ ရေမြောင်းတူးဖော်နေစဉ် သံချေးတက်နေတဲ့ အလျား ၁၀ လက်မ၊ လုံးပတ် ၉ လက်မခွဲ၊ အချင်း ၃ လက်မခန့် ဗုံးသီးဟောင်း ၃ လုံး(ယမ်းပါ) နဲ့ အလျား ၈ လက်မ၊ လုံးပတ် ၉ လက်မခွဲ၊ အချင်း ၃ လက်မခန့် ဗုံးသီးဟောင်း ၃ လုံး(ယမ်းမပါ) အပါအဝင် စုစုပေါင်းဗုံးသီးဟောင်း ၆ လုံးအား တွေ့ရှိခဲ့တာပါ။

ဘုရင့်နောင်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ စအရ ၉၀၅ မှ တပ်မတော်သားတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး စအရ ၉၀၅ သို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013