DVB Logo
Home
မြန်မာသတင်း
စပ်ရွှေသိုက်နှင့် ဦးနေဝင်းတို့ အသုံးပြုခဲ့သည့် ရှေးဟောင်းကားများ စစ်သမိုင်းပြတိုက်တွင် ပြသ
DVB
·
March 25, 2019
စပ်ရွှေသိုက်နှင့် ဦးနေဝင်းတို့ အသုံးပြုခဲ့သည့် ရှေးဟောင်းကားများ စစ်သမိုင်းပြတိုက်တွင် ပြသ
1 / 6
Donate to DVB

မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ စပ်ရွှေသိုက်နဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းတို့ အသုံးပြုခဲ့တဲ့ ရှေးဟောင်းကားတွေကို တပ်မတော် စစ်သမိုင်းပြတိုက်မှာ ပြသထားပါတယ်။

ဒီကား ၂ စီးအပြင် နိုင်ငံတော်အကြီးအကဲများ အသုံးပြုခဲ့သည့် ရှေးဟောင်းကားတွေလည်း ထပ်မံ ပြသသွားဖို့ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

စစ်သမိုင်းပြတိုက်ကိုတော့ ၂၀၁၀ ခုနှစ် မေလ ၁၅ ရက်က စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ အများပြည်သူလေ့လာနိုင်ဖို့ ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013