DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 25, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ မတ်ပဲကပိဿာ ၆၀ ၀င်တအိတ်ကို ၆၄၄၀၀ ပေါက်ဈေးရှိပြီး စနေနေ့နဲ့ နှိုင်းယှဉ်ပါက ၁၂၉၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာမတ်ပဲ တအိတ်ကို ၆၅၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၀၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)က ပိဿာ ၆၀ ၀င်တအိတ်ကို ၇၀၆၀၀ ပေါက်ဈေးရှိပြီး ၃၉၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်) တအိတ်ကို  ၇၉၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၈၄၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ၇၀၀၀၀ မှ ၉၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မကွေးကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၈၇၀၀၀ မှ ၉၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၂၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲထောပတ်

မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိဿာဝင်တအိတ်ကို ၁၀၅၀၀၀ မှ ၁၁၂၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

မကွေးကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၁၀၅၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၇၀၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိဿာကို ၁၆၂၀ မှ ၁၆၂၅ ပေါက်ဈေးရှိပြီး ၅ ကျပ် ဈေးတက်လာပါတယ်။

မကွေးကုန်စည်ဒိုင်မှာ စားအုန်းဆီ တပိဿာကို ၁၇၀၀ မှ ၁၇၃၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၁၀၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း

မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင်တအိတ်ကို ၂၂၀၀၀ မှ ၂၃၀၀၀ ပေါက်ဈေးရှိပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာ စီပီပြောင်းတအိတ်ကို ၂၂၄၀၀ ပေါက်ဈေးရှိပြီး ၂၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၆၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013