DVB Logo
Home
မြန်မာသတင်း
ငွေကြေးထက် ရွှေက ပိုခိုင်သည်ဟု ယုံကြည်ချက်ကြောင့် ရွှေစုဆောင်းသူများ
DVB
·
October 15, 2012
ငွေကြေးထက် ရွှေက ပိုခိုင်သည်ဟု ယုံကြည်ချက်ကြောင့် ရွှေစုဆောင်းသူများ
Donate to DVB

မြန်မာနိုင်ငံမှာ ငွေကြေးစုဆောင်းတာထက် ရွှေစုတာကပိုပြီး ခိုင်မာတယ်ဆိုတဲ့ ယုံကြည်မှုကြောင့် ရွှေကို တန်ဖိုးထား စုဆောင်းနေကြတာလို့ ရွှေဝယ်ယူစုဆောင်းသူတွေ က ပြောပါတယ်။

ရွှေဝယ်စုဆောင်းသူတွေ အများစုဟာ ငွေကြေးဖောင်းပွမှာကို စိုးရိမ်တဲ့အတွက် ဘဏ်တွေမှာ ငွေစုဖို့ စိတ်ဝင်စားမှုနည်းပြီး ရွှေကို ပိုစုဆောင်းကြတာလို့ ရွှေဝယ်စုဆောင်းသူ တဦးက ပြောပါတယ်။

“အစိုးရဘဏ်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် ရက်သတ်မှတ်ချက်နဲ့ဆိုတော့ လိုချင်တဲ့ အချိန်မရဘူး။ ပုဂ္ဂလိက ဘဏ်တွေက အမျိုးမျိုးတွေကြားတယ်။ ရွှေစုရတာက စိတ်ချရတယ်။ ဈေးနည်းနည်းမှာ ရွှေဝယ်ထားလိုက်တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် က ၁ သောင်းလောက်ပဲပေးရတယ်။ နောက်မှာ သိန်းဂဏန်းအထိ ဈေးတက်တော့ အရမ်းမြန်တယ်လေ။”

အခြေခံလူတန်းစား ဖြစ်ဖြစ်၊ ငွေကြေးချမ်းသာသူဖြစ်ဖြစ် ငွေဖြစ်လွယ်လို့ ရွှေကိုတန်ဖိုးထား ဝယ်ယူကြတာလို့ ရွှေဝယ်ယူစုဆောင်းသူ များလာတာနဲ့ပတ်သက်ပြီး ရွှေနန်းတော်ဆိုင် တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရွှေဝယ်တာတော့ ငွေဖြစ်လွယ်တယ်၊ ပြန်ထုတ်ချင်တယ်ဆိုရင်လည်း ရောင်းမယ့်နေရာတွေ အဆင်ပြေတယ်တာပေါ့နော်။ ၁ ပတ်မှာဆိုရင်လည်း ရွှေဈေး အပြောင်းအလဲတွေရှိတယ်လေ။ ပိုက်ဆံကို ဒီအတိုင်းထားမယ်ဆိုရင် အထတိုးမရှိဘူးလေ။ ရွှေဝယ်ထားမယ်၊ စုထားမယ်၊ ပိုက်ဆံလည်း အတိုးရတာပေါ၊ အဲ့လိုပဲမြင်ပါတယ်။”

ကမ္ဘာ့ရွှေဈေးကလည်း တရိပ်ရိပ်တက်နေပြီး လွန်ခဲ့တဲ့ ၅ နှစ် အောက်တိုဘာတုန်းက ၁ အောင်စ ကို ဒေါ်လာ ၈၀၀ ၀န်းကျင်ရှိတဲ့ ရွှေဈေးဟာ အခုဆို ၁ အောင်စ ကို ဒေါ်လာ  ၁၈၀၀ ၀န်းကျင်ဖြစ်နေပါတယ်။

စီးပွားရေးပညာရှင် ဦးမော်သန်းက “ပိုက်ဆံရှိတဲ့သူတွေက ရွှေတွေကို အချောင်းလိုက်စုတာပေါ့။ နည်းနည်းလက်လုပ်လက်စားကတော့ နည်းနည်းပိုတယ် ဆိုရင်လည်း နည်းနည်းပိုရင် တန်ဆာ၊  မရှိတဲ့အခါလည်း ဝမ်းစားဆိုပြီး ရွှေတွေကို စုကြတယ်။ စုတယ်ဆိုတဲ့ သဘောကလည်း  အဓိကကတော့ ငွေကြေးဖောင်းပွမှုကို တဖက်တလမ်းက ကာကွယ်ကြမယ်၊ နောက် ရွှေအဖြစ်သိမ်းတော့လည်း ငွေလက်ထဲမရှိတော့ မသုံးမိတော့ဘူး။ အဲ့လိုတွေနဲ့ ရွှေစုကြတာ။”

ရွှေစုတာထက် ပိုမြတ်နိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ အနာဂတ်မှာ ရှိလာ နိုင်ပေမယ့်လည်း ရွှေဈေးကွက်နဲ့ ရွှေဝယ်ယူစုဆောင်းမှုကတော့ ဓလေ့ထုံးစံအဖြစ် ဆက်လက်ရှိနေနိုင်တယ်လို့ ရွှေရောင်းဝယ်သူတွေက ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013