DVB Logo
Home
မြန်မာသတင်း
ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ ၂ဦးကို ပထမဆုံးအကြိမ်ရုံးထုတ် (ရုပ်သံ)
DVB
·
March 25, 2019
ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ ၂ဦးကို ပထမဆုံးအကြိမ်ရုံးထုတ် (ရုပ်သံ)
Donate to DVB

အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီကတာဝန်ရှိသူ နှစ်ဦးကို မတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က  ထားဝယ်မြို့ တိုင်းတရားလွှတ်တော်ရုံးမှာ ပထမဦးဆုံးအကြိမ်ရုံးထုတ်ပါတယ်။

တရားခွင်ကို သတင်းမီဒီယာတွေဝင်ရောက်ခွင့်ပြုခဲ့ပြီး ဒီအမှုနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားသူတွေ အရပ်ဖက်အဖွဲ့စည်းတွေက လူ ၁၀၀ ကျော်လောက် တရားရုံးကို လာရောက်ခဲ့ ကြပါတယ်။

နောက်တကြိမ်ရုံးချိန်းကိုတော့ ဧပြီ ၄ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်နဲ့ Global Grand Services (GGS) ကုမ္ပဏီက မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထားဝယ်ရဲစခန်းမှာ မတ်လ ၁၀ ရက်က အမှုဖွင့်အရေးယူခဲ့တာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရပါက ၁၅ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီကနေ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှာတော့  တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်လိုက်တဲ့ ဦးမြင့်မောင်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ရိုက်ကူး - စိုးသူရ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013