DVB Logo
Home
မြန်မာသတင်း
ကတူးတိုင်းရင်းသားရိုးရာပွဲတော် ဗန်းမောက်တွင် ကျင်းပ
DVB
·
March 25, 2019
ကတူးတိုင်းရင်းသားရိုးရာပွဲတော် ဗန်းမောက်တွင် ကျင်းပ
1 / 8
Donate to DVB

ကတူးတိုင်းရင်းသားရိုးရာပွဲတော် ဗန်းမောက်တွင် ကျင်းပ

အောင်ကိုလတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာမှာ ကတူး တိုင်းရင်းသားတွေရဲ့ တတိယအကြိမ်မြောက် ရိုးရာပွဲတော်ကို မတ် ၂၅ ရက်ကနေ ၂၇ ရက်ထိ ကျင်းပနေပါတယ်။

ကတူးတိုင်းရင်းသားတွေက ဗန်းမောက်မြို့နယ်မှာ အများဆုံးနေထိုင်ကြပြီး ကျေးရွာ ၃၈ ရွာ၊ အင်းတော်မြို့နယ်မှာ ၃၄ ရွာ၊ ပင်လည်ဘူးမြို့နယ်မှာ ၁၆ ရွာ၊ ကသာမြို့နယ်မှာ ၅ ရွာ၊ မိုးကောင်းမြို့နယ်မှာ ၄ ရွာ စုစုပေါင်း ၉၈ ရွာရှိကာ လူဦးရေ ၁ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ကတူးတိုင်းရင်းသားတွေက လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။

ကဒူးတိုင်းရင်းသားရိုးရာပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ လွှတ်တော်ရေးရာကော်မတီဝင်တွေ၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်မွှေးမွှေးခင်၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်း၊ ဌာနဆိုင်ရာတွေ၊ ဖိတ်ကြားထားသူတွေ၊ ဒေသတွင်းက ကချင်၊ ရှမ်း၊ ကနန်းစတဲ့ တိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ပွဲတော်မှာ ကတူးတိုင်းရင်းသားတွေရဲ့ ရှေးဟောင်းရိုးရာအသုံးအဆောင်ပြခန်း၊ ရိုးရာပစ္စည်း အရောင်းပြခန်းတွေလည်း ပြသခဲ့ပြီး ရိုးရာတေးသီချင်း အဆိုအကတွေနဲ့လည်း ကပြ ဖျော်ဖြေခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀နဲ့ ၂၁ ရက်နေ့ကလည်း ကနန်းတိုင်းရင်းသားတွေရဲ့ ၅၁ နှစ်မြောက် ရိုးရာပွဲတော်ကို ဗန်းမောက်မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာမှာ ကျင်းပခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013