DVB Logo
Home
မြန်မာသတင်း
ကော့သောင်းရေပြင်တွင် ကျပ်သိန်းပေါင်း ၇ သိန်းခန့်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 25, 2019
ကော့သောင်းရေပြင်တွင် ကျပ်သိန်းပေါင်း ၇ သိန်းခန့်တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
1 / 2
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းရေပြင်မှာ မတ် ၂၄ ရက်က ကျပ်သိန်းပေါင်း ၇ သိန်းလောက်တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးတွေ တင်ဆောင်လာတဲ့ စက်လှေတစီး ဖမ်းဆီးရမိခဲ့ ပါတယ်။

ကော့သောင်းရေပြင် မြောက်တော်ဝင်ကျွန်းအနောက် မိုင် ၂၀ လောက်အကွာမှာ မသင်္ကာဖွယ်စက်လှေတစီး တောင်ဘက်ကို မောင်းနှင်သွားကြောင်း သတင်းရရှိလို့ ရေယာဉ်မှူး ဗိုလ်ကြီး ညီညီနိုင် ဦးစီးတဲ့ တပ်မတော်ရေယာဉ်က စစ်ဆေးရာ အိုက်စ်အမျိုးအစားလို့ ယူဆရတဲ့ မူးယစ်ဆေး တကီလိုထုပ်ပေါင်း  ၁၇၃၇ ထုပ်က ဖမ်းဆီးရမိတာလို့ တပ်မတော်ရေက စုံစမ်းသိရပါတယ်။

ဖမ်းဆီးရမိတဲ့ အိုက်စ်မူးယစ်ဆေးတွေနဲ့အတူ စက်လှေပေါ်မှာ လူ ၇ ဦးကို ဖမ်းဆီးမိခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ ဖမ်းမိစက်လှေဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကဖြစ်ကြောင်း၊ ရန်ကုန်မှာ နေထိုင်သူတဦးက မူးယစ်ဆေးတွေကို ကိုယ်တိုင်တင်ဆောင်ကာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံအကြား ရေပြင်ကို  ပို့ဆောင်ခိုင်းတာဖြစ်ပြီး ပို့ဆောင်ခအဖြစ် လှေပေါ်ပါ တဦးကို ကျပ် ၁၀ သိန်းစီ ရရှိတယ်လို့ သိရပါတယ်။

ကော့သောင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးအောင်မိုးကတော့ "ကျနော်တို့ဆီကိုတော့ ရောက်မလာသေးဘူး။ ဖမ်းမိတဲ့နေရာက ကမ်းနဲ့အလှမ်းဝေးတော့ ပင်လယ်ပြင်မှာ ခုတ်မောင်း ဝင်လာနေတုန်းပါ" လို့ ပြောပါတယ်။

အိုက်စ်မူးယစ်ဆေးဝါး ၁ ကီလိုဟာ ဒေသပေါက်ဈေး ကျပ်သိန်း ၄၀၀ ၀န်းကျင်ရှိပြီး ဖမ်းမီတဲ့ မူးယစ်ဆေးဝါးအလေးချိန်က  စုစုပေါင်း ၁၇၃၇ ကီလိုရှိတာကြောင့် ဒေသပေါက်ဈေး ကျပ်သိန်းပေါင်း ၆၉၄,၈၀၀ လောက် တန်ဖိုးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013