DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးတွင် ယာဉ် ၂ စီးတိုက်မိ၊ ၄ ဦးသေဆုံး ၈ ဦးဒဏ်ရာရ
DVB
·
March 25, 2019
အမြန်လမ်းမကြီးတွင် ယာဉ် ၂ စီးတိုက်မိ၊ ၄ ဦးသေဆုံး ၈ ဦးဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၇/၃ အနီးမှာ မတ်လ ၂၅ ရက်မနက်က ယာဉ်နှစ်စီးတိုက်မိခဲ့ပြီး ခရီးသည် ၄ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

နေပြည်တော်ကနေ ရန်ကုန်ဘက်သို့မောင်းနှင်လာတဲ့ Light Truck ယာဉ်ကို ယာဉ်ကြောတူနောက်ကနေ မောင်းနှင်လာတဲ့ ရွှေကိန္ဒရီခရီးသည်တင်ယာဉ်က ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက "အခင်းဖြစ်တဲ့နေရာမှာ သေဆုံးတာက သုံးဦးပါ။ နောက်တယောက်က ဆေးရုံမှာ ဆုံးတာ စုစုပေါင်း ၄ ဦးဖြစ်သွားတယ်။ လူနာတွေ ကိုတော့ ဖြူးဆေးရုံနဲ့ မြို့ချောင်းဆေးရုံကို တင်ထားတာ။ အခုတော့ တောင်ငူဆေးရုံကိုပြောင်းပြီး တင်ထားပါတယ်။ ယာဉ်မောင်းတိုက်တဲ့ ယာဉ်မောင်း ကိုတော့ စစ်ဆေးနေပါပြီ"လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ရွှေကိန္ဒရီခရီးသည်တင်ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေတော့ ဒဏ်ရာရခဲ့တာ မရှိပေမယ့်လည်း Light Truck ယာဉ်ပေါ်မှာလိုက်ပါလာသူ ခရီးသည် ၄ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရှိခဲ့တာပါ။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး "ရွှေကိန္ဒရီ"ယာဉ်မောင်းကို မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013