DVB Logo
Home
မြန်မာသတင်း
တီဘီရောဂါကြောင့် ကမ္ဘာတ၀န်း တရက်ကို လူပေါင်း  ၄၅၀၀ ခန့်သေဆုံးနေ
DVB
·
March 25, 2019
တီဘီရောဂါကြောင့် ကမ္ဘာတ၀န်း တရက်ကို လူပေါင်း  ၄၅၀၀ ခန့်သေဆုံးနေ
Donate to DVB

ကမ္ဘာမှာ တရက်ကို တီဘီရောဂါဖြစ်ပွားသူ အယောက် ၃၀၀၀၀ လောက် ရှိနေပြီး တရက်ကို လူအယောက် ၄၅၀၀ လောက်သေဆုံးနေတယ်လို့  ၂၀၁၈ ခုနှစ် ကမ္ဘာ့တီဘီရောဂါဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

တီဘီရောဂါဟာ ကမ္ဘာပေါ်မှာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် တည်ရှိနေပြီး သေဆုံးမှု အများဆုံးရောဂါ ၁၀ ခုမှာအပါအဝင်ဖြစ်တယ်လို့လည်း ဒီကနေ့ တောင်ဒဂုံမြို့နယ်ခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ အားကစားနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောပါတယ်။

၂၀၁၈ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံမှာ တီဘီရောဂါဝေဒနာရှင်ပေါင်း အယောက် ၁၄၀၀၀၀ လောက် ရှာဖွေကုသပေးနိုင်ခဲ့ပြီး တီဘီရောဂါဖြစ်ပွားသူ ၁၀၀ မှာ ၁၀ ယောက်လောက်ဟာ အိတ်ခ်ျအိုင်ဗွီ ဗိုင်းရပ် ကူးစက်နေရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

မတ်လ ၂၄ ရက်နေ့ကို ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အဖြစ်သတ်မှတ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတတ၀န်းမှာ ၁၉၉၆ ခုနှစ်ကတည်းက ကျင်းပလာခဲ့တာ အခုနှစ်ဆို ၂၄ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

အခု ၂၀၁၉ခုနှစ်အတွက် တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကတော့ “တီဘီရောဂါကင်းဝေးဖို့ ကဏ္ဍပေါင်းစုံ လက်တွဲလို့ ယနေ့မှစ ဆောင်ရွက်စို့” ပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013