DVB Logo
Home
မြန်မာသတင်း
မွေးရာပါ နှုတ်​ခမ်းကွဲ အာ​ခေါင်​ကွဲ​ ဝေဒနာရှင်​က​လေး​များကို အခမဲ့ခွဲစိတ်ပေး
DVB
·
March 25, 2019
မွေးရာပါ နှုတ်​ခမ်းကွဲ အာ​ခေါင်​ကွဲ​ ဝေဒနာရှင်​က​လေး​များကို အခမဲ့ခွဲစိတ်ပေး
1 / 3
Donate to DVB

မွေးရာပါ နှုတ်​ခမ်းကွဲ အာ​ခေါင်​ကွဲ​ဝေဒနာရှင်​က​လေး​တွေ လှပတဲ့အပြုံးပိုင်ရှင်​ဖြစ်​ဖို့ smile asia medical tream နဲ့ က​မ္ဘောဇ အလင်းတန်းမြန်​မာ​ဖောင်​​ဒေးရှင်းတို့ ပူး​ပေါင်းပြီး ​တောင်​ကြီးမြို့ အမျိုးသမီး နဲ့က ​လေး​ဆေးရုံမှာ အခမဲ့ ခွဲစိတ်​ကုသ​ပေး​နေပါတယ်။

မြန်​မာနိုင်​ငံဆရာဝန်​​တွေ အပါအဝင်​ နိုင်​ငံတကာ ကျွမ်းကျင်​ ဆရာဝန်​​တွေနဲ့ မတ်​လ ၂၄ ရက်​​နေ့မှ ၃၀ ရက်​​နေ့အထိ ခွဲစိတ်​ကုသ​ပေးသွားတယ်လို့ Smile Asia project တာဝန်​ခံ မယမင်းရွှေရည်က ပြောပါတယ်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လာရောက်ကုသတဲ့ ​ဝေဒနာရှင်​အတွက်​ အသွားအပြန်စရိတ်​အပြင် နေစရာနေရာ စောင်၊ အခင်း၊ ခေါင်းအုံး၊ ခြင်ထောင်​​တွေလည်း စီစဉ်ပေးကာ ထမင်းဟင်း​တွေအပြည်​အစုံ စီစဉ်ပေးထားတယ်လို့ ရွာငံမြို့နေ ဝေဒနာရှင်ကလေးငယ်ရဲ့ ဖခင် ဦးအောင်စိုးက ပြောပါတယ်။

အမေရိကန်၊ ဂျာမနီ၊ တရုတ်၊ စင်ကာပူ၊ ဒိန်းမတ်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန်၊ ဟောင်ကောင်၊ မြန်မာ၊ ဖိလစ်ပိုင်နိုင်ငံတွေ ဆရာဝန်တွေနဲ့ စေတနာ့ဝန်ထမ်း စုစုပေါင်း ၃၅ ဦး၊ အမျိုးသမီး နဲ့ က​လေး​ဆေးရုံကြီးက သူနာပြု၊ ဆရာဝန်​​တွေက ကုသ​ပေးနေတာလို့ မယမင်းရွှေရည်က ပြောပါတယ်။

နှုတ်​ခမ်းကွဲက​လေးကို အသက်​ ၅ လ အထက်​မှ ခွဲစိတ်​ကုသနိုင်​သလို အာ​ခေါင်​ကွဲက​လေး​တွေက အသက်​ ၁ နှစ်​အထက်​မှ ခွဲစိတ်​ကုသလို့ ရတယ်​လို့ ဆိုပါတယ်​။

Smile asia အစီအစဉ်​နဲ့ နှုတ်​ခမ်းကွဲ၊ အာ​ခေါင်​ကွဲ၊ ​ဝေဒနာရှင်တွေအား ​အခမဲ့ ခွဲစိတ်​ကုသမှုကို ရန်​ကုန်​ နဲ့ ​တောင်​ကြီးမှာ ၅ ကြိမ် ဝေဒနာရှင် စုစုပေါင်း ၄၄၉ ဦးကို ကုသပေး ခဲ့ပြီး ဖြစ်ပါတယ်​။

အခု ၆ ကြိမ်​​မြောက်​ နှုတ်​ခမ်းကွဲ၊ အာ​ခေါင်​ကွဲ၊ ​ဝေဒနာရှင်တွေအား ​အခမဲ့ ခွဲစိတ်​ကုသမှုမှာ စာရင်း​ပေးသွင်းသူ ၁၀၀ ​ကျော်​ရှိပြီး လက်​ရှိလူနာရှင်​ ၇၀ ကျော်​ရှိတယ်​လို့ သိရပါတယ်​။ နေပြည်​​တော်​မှာလည်း ဆက်​လက်​ကုခွဲစိတ်​ကုသဖို့ အစီအစဉ်​ ရှိတယ်​လို့ သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013