
မန်စီးတီးအသင်းကနေ ထွက်ခွာတော့မဲ့ နည်းပြ ဂွါဒီယိုလာက သူ့ရဲ့ ၁၀ နှစ်တာ သက်တမ်းအတွင်း အကြီးမားဆုံး နောင်တရမိတဲ့ အကြောင်းအရာ တခုကို ဝန်ခံခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က အသင်းရဲ့ ဝါရင့်ဂိုးသမား ဂျိုးဟတ်ကို ဂွါဒီယိုလာရဲ့ ကစားကွက်ဗျူဟာနဲ့ မကိုက်ညီဘူးဆိုပြီး အခွင့်အရေးမပေးဘဲ ရက်ရက်စက်စက် လက်လွှတ်ခဲ့မိတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာက "ဂျိုးဟတ်ကို ကျနော်နဲ့အတူ လက်တွဲပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို သက်သေပြဖို့ အခွင့်အရေး မပေးခဲ့မိတာ အမှားတခုပါ" လို့ Sky Sports နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
အဲဒီအချိန်က ဂျိုးဟတ်ဟာ အသင်းမှာ ၁၀ နှစ်ကြာ အဓိကဂိုးသမားအဖြစ် ရှိနေခဲ့ပေမဲ့ ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက် အသင်းကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။











