DVB Logo
Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေး ထောက်ပံ့မှုများ လိုအပ်နေ
DVB
·
March 25, 2019
ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေး ထောက်ပံ့မှုများ လိုအပ်နေ
Donate to DVB

ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးမြှင့်တင်ဖို့ ကျန်းမာရေး အသိပညာပေးမှုတွေနဲ့ အာဟာရဖွံ့ဖြိုးရေးအတွက် ထောက်ပံ့မှုတွေပေးဖို့ လိုအပ်နေတယ်လို့ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးဖွားလာတဲ့ အသက် ၂ နှစ်အောက် ကလေးငယ်တွေကို ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ပြည့်ဝတဲ့ ကလေးငယ်တွေ ဖြစ်လာဖို့အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာနဲ့ ထောက်ပံ့ငွေတွေ ကူညီပေးဖို့လိုအပ်နေတာလို့ မတ် ၂၄ ရက် နေ့လယ်ပိုင်း ဧရာတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှာ ပြောဆိုလိုက်တာပါ။

ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှု လျော့ချနိုင်ဖို့၊ ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်ဖို့၊ ကလေးငယ် တွေ အာဟာရချိုတဲ့မှုကနေ လျော့ချနိုင်ဖို့၊ မိခင်ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးငယ်တွေ စံချိန်မီ အတွေးအခေါ်၊ ဉာဏ်ရည်တွေပြည့်မှီစွာ မွေးဖွားလာနိုင်ဖို့အတွက်ရည်ရွယ်ပြီး နိုင်ငံတော်က ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့ကို ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာတွေရှိခဲ့သလို ဧရာဝတီတိုင်းဒေသကြီးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စတင်ထောက်ပံ့ပေးသွားမှာပါ။

ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က “အမျိုးသမီး တော်တော်များများက သူတို့ကိုယ်တိုင် ကိုယ်ဝန်စဆောင်တဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်တွေကို သိသွားမယ်ဆိုရင် ခွန်အားပြည့်ဝတဲ့ ကလေးသူငယ် သန္ဓေသားလောင်းဖြစ်လာမယ်”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်၊ ဘိုးသာအေးကျေးရွာ၊ မအေးအေးမူ က “ကျန်းမာရေးနဲ့ပတ်သက်ရင် မိခင်လောင်းအတွက် ဗဟုသုတကတော့ မသိဘူး။ မပြောပြဘူး။ ကျမတို့ဆီမှာ ကာကွယ်ဆေးဆရာမပဲရှိတယ်”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်၊ ဘိုးသာအေးကျေးရွာ မအိဖြူစိုး က “ကိုယ်တွေ လူတန်းစားကလည်း ချို့တဲ့တဲ့အခါမျိုးကျတော့ အဆင်ပြေသလိုပဲ စားသောက်လိုက်တဲ့အခါတွေပဲ များပါတယ်။ ကလေးတွေရဲ့ ဉာဏ်ရည်ပြည့်မီဖို့အတွက်ဆိုရင် ထိထိရောက်ရောက်နဲ့ အလေးအနက်ထားပြီးတော့ စောင့်ရှောက်စေချင်တာပေါ့”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်၊ ပန်းခ၀ကျေးရွာ ဦးနေမိုးလတ်က “ကျန်းမာရေးဌာနရဲ့ ကျန်းမာရေး စောင့်ရှောက်မှုလိုတာပေါ့ဗျာ။ အများကြီးလိုတာပေါ့။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ဖြစ်ရပ်ကလေးတွေကို ပြန်လည်ဆွေးနွေးပေးစေချင်တယ်”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း အရပ်အမောင်းပုညှက်သူ ၂ သိန်း ၃ သောင်း နီးပါး၊ လူဦးရေရဲ့ ရာခိုင်နှုန်းအနေနဲ့ ၃၇ ဒသမ ၂ ရာခိုင်နှုန်း၊ ပိန်လှီမှုရာခိုင်နှုန်း ၃ ဒသမ ၉ ရာခိုင်နှုန်း၊ အာဟာရ ချို့တဲ့မှုမှာတော့ တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ဒုတိယအများဆုံးဖြစ်တယ်လို့ ၂၀၁၅-၂၀၁၆ ခုနှစ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် အရပ်ပုညှက်မှု၊ ပိန်လှီမှုနှင့် အာဟာရချို့တဲ့မှု လျော့ချ နိုင်ဖို့ မိခင်နှင့် ၂ နှစ်အောက်ကလေးငယ်ထောက်ပံ့တာတွေကို ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013