DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် စစ်ပြေးဒုက္ခသည် ၂၀,၀၀၀ ကျော် ရှိပြီ
DVB
·
March 25, 2019
ရခိုင်တွင် စစ်ပြေးဒုက္ခသည် ၂၀,၀၀၀ ကျော် ရှိပြီ
Donate to DVB

ရခိုင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည်ဦးရေ ၂၀,၀၀၀ ကျော် ရှိသွားပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က သတင်းထုတ်ပြန်ထားပါတယ်။

REC စာရင်းအရ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ပြေးဒုက္ခသည် ၁၉၄၀ ဦး၊ ကျောက်တော် မြို့နယ်မှာ ၂၉၉၀ ဦး၊ မြောက်ဦးမြို့နယ်မှာ ၃၈၅၂ ဦး၊ ရသေ့တောင်မြို့နယ်မှာ ၁၆၃၀ ဦး၊ ဘူးသီးတောင်မြို့နယ်မှာ ၁၁၇၁ ဦး၊ မင်းပြားမြို့နယ်မှာ ၂၄၈၀ ဦး အသီးသီးရှိနေပါတယ်။

ပိတ်မိနဲ့ စစ်ဒဏ်သင့် လူဦးရေက ဘူးသီးတောင်မှာ ၁၆၁၀ ဦး၊ ရသေ့တောင်မှာ ၉၆၀ ဦး၊ ပုဏ္ဏားကျွန်းမှာ ၁၂၅၀ ဦး၊ ကျောက်တော်မှာ ၈၂၀ ဦး၊ မြောက်ဦးမှာ ၁၁၀၀ နဲ့ မင်းပြားမှာ ၃၄၀ အသီးသီး ရှိနေပါတယ်။

စစ်ပြေးဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူ ၁၄၀၆၅ ဦးရှိပြီး စခန်းပြင်ပရှိ ဦးရေက ၆၀၈၀ ဦး ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အချိန်​နဲ့အမျှ ကိန်းဂဏန်း အချက်​အလက်​များ အ​ပြောင်းအလဲရှိ​နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ REC အ​နေနဲ့ အခု​ဖော်​ပြချက်​မှာ​ နယ်​​မြေ၊ စခန်း အသီးသီးရှိ စစ်​​ဘေးဒုက္ခသည်​ အ​ရေအတွက်​ကိုသာ ​ဖော်​ပြ​ပေးထားတာပါ။

အချက်​အလက်​တွေ ကောက်​ခံရာမှာ​ စိန်​​ခေါ်မှု၊ အကျဉ်းအကျပ်​ အမျိုးမျိုးကြားက ပင်းပန်းခံ ပါဝင်​​ဆောင်​ရွက်​​ပေးခဲ့တဲ့ REC စစ်​​ဘေးဒုက္ခသည်​များ ကူညီ​ထောက်​ပံ့​ရေး ​ကော်​မတီဝင်​တွေ၊ ပူး​ပေါင်း​ဆောင်​ရွက်​​ပေးကြတဲ့ မျိုးနွယ်​စု ​ခေါင်း​ဆောင်​တွေ၊ ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးတွေ၊ ရဟန်းသံဃာတွေ၊ အဖွဲ့အစည်းအသီးသီးက တာဝန်​ရှိသူတွေ၊ လွှတ်​​တော်​အမတ်​တွေ ​ထောက်​ပံ့လှူဒါန်းမှု​ပေးခဲ့ကြသူတွေ၊ စစ်​​ရှောင်​စခန်းအသီးသီးက တာဝန်​ရှိသူတွေကို မှတ်​တမ်းတင်​ အသိအမှတ်​ပြုတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေ ရခိုင်တပ်တို့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းက တိုက်ပွဲဖြစ်ပွားနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013