DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီသတင်းထောက် သတင်းယူရာတွင် ကင်မရာကတ်အသိမ်းခံရ
DVB
·
October 15, 2012
ဒီဗွီဘီသတင်းထောက် သတင်းယူရာတွင် ကင်မရာကတ်အသိမ်းခံရ
Donate to DVB

ဒီဗွီဘီပြည်တွင်းသတင်းထောက် ဦးအောင်ထွန်းမြင့် ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က ကျိုက်ထီးရိုးဘုရား ဈေးဆိုင်တန်းမှာ သတင်း ဓာတ်ပုံရိုက်ကူးနေတုန်း  ရိုးရိုးလေးကုမ္ပဏီ တာဝန်ရှိသူတွေရဲ့ ပိတ်ပင်ဟန့်တားမှု ခံခဲ့ရပါတယ်။

ဦးအောင်ထွန်းမြင့်က “ကျနော်က အင်တာဗျူး cut တွေရိုက်တယ်။ နောက် ဆိုင်ခန်းတွေ နဲ့ ပြဿနာတက်တယ်ဆိုတော့ ဆိုင်ခန်းတွေကို လိုက်ရိုက်တယ်။ ရိုးရိုးလေးတည်းခိုခန်းရှေ့မှာ ရိုက်တော့ သူတို့ဆီက ခွင့်မတောင်းဘဲ ရိုက်တယ်ဆိုပြီး ကျနော့် ကတ်ကို စစ်တယ်။ သူတို့ဆီက တချို့ cut တွေကို ဖျက်ခိုင်းတော့ ဖျက်ပေးလိုက်ရတယ်။ ကျနော့် memory ကတ် ကိုပါ ဦးသိန်းဦးက ကတ်ကို သိမ်းသွားတယ်” လို့ ပြောပါတယ်။

လတ်တလော  ကျိုက်ထီးရိုးရင်ပြင်ပေါ်မှာ  လက်လုပ်လက်စား၊ ဈေးသူဈေးသားနဲ့ ဘုရားဂေါပက၊ ကုမ္ပဏီပိုင်ရှင်တွေအကြား  ဆိုင်ခန်းအခွန်အခကိစ္စ၊ ရောင်းကုန်ပစ္စည်းကန့်သတ်မှု၊ ဖိနှိပ်ခံရမှုတွေနဲ့ ပတ်သက်ပြီး မပြေမလည် ဖြစ်နေမှုကို သတင်းသွားယူရာမှ အခုလို တားမြစ်ခံရပြီး ကင်မရာ memory ကတ် အသိမ်းခံခဲ့ရတာပါ။

ရိုးရိုးလေးကုမ္ပဏီဟာ စားသောက်ဆိုင်နဲ့  တည်းခိုခန်း လုပ်ငန်းအပါအ၀င် ကျိုက်ထီးရိုးဘုရားမှာ လုပ်ငန်းအတော်များများ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီပိုင်ရှင် ဦးသိန်းနိုင်က အခုလတ်တလော ကျိုက်ထီးရီုး ဘုရားရင်ပြင်ပေါ်မှာ ဈေးသူဈေးသား အခွင့်အရေးအတွက် ဆန္ဒပြတောင်းဆိုမှုတွေရှိနေပြီး မသမာသူတချို့က ဓာတ်ပုံရိုက်ယူကာ ပြဿနာကို ပိုကြီးထွားအောင် လှုံ့ဆော်နေတဲ့အတွက်   တားမြစ်ခဲ့တာလို့ ပြောပါတယ်။

“ဒီဗွီဘီ သတင်းဌာနမှန်းမသိလို့ တောင်းပန်ပါတယ်။ ကျနော်တို့က သတင်းဂျာနယ်အဖွဲ့ကို စိတ်မဆိုးပါဘူး။ မင်းမဲ့စရိုက် လုပ်တယ်ထင်လို့ပါ။ ကျနော်တို့ ဈေးသူဈေးသားတွေရဲ့ မျက်နှာတွေ၊ လူတွေရဲ့ အဆောက်အဦတွေကို ခွင့်ပြုချက်မရဘဲ ရိုက်ယူပြီး တိုင်စာတွေအမျိုးမျိုး တိုင်နေပါတယ်။ သူတို့က ဓာတ်ပုံတွေလိုက်ရိုက်တော့ ပြည်သူတွေလည်း တော်တော်မခံမရပ်နိုင်ဖြစ်နေပါတယ်။ ကျနော်တို့ဆီက ခွင့်ပြုချက်မရတဲ့ ပုံတွေကို မထည့်စေချင်ပါဘူး။ အဲဒါတွေ ပယ်ပြီးရင်တော့ ပြန်ပေး ပါ့မယ်။ သတင်းထောက်နဲ့ ပြန်ညှိပြီး ပုံတွေကို ခွင့်ပြုချက်မရဘဲ မတရား သတင်းအမှား ဖြစ်မှာစိုးလို့ပါ။”

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျိုးက်ထီးရိုးဘုရား အလှည့်ကျဂေါပက တဦးဖြစ်တဲ့ ဦးမင်းအောင်က ပြေလည်မှုရသွားပြီလို့ ပြောပါတယ်။

“ကျနော်တို့ဆီကို သတင်းပို့တာတော့ ညှိနှိုင်းတာပြေလည် သွားပြီတဲ့။ အေးအေးဆေးဆေးဖြစ်နေ ပါပြီ။ ပထမတော့ ဆန္ဒပြမယ်တွေ ပြောတယ်လေ။ သူတို့လှုပ်ရှားစရာရှိတာ သူတို့ဘာသာလုပ်ပေါ့လေ။ ကျနော်တို့ ဂေါပကအဖွဲ့က ဘုရားဖူးတွေ အသွားအလာ စိတ်အနှောင့်အယှက် ဖြစ်မှာ၊ ဈေးသူဈေးသားတွေ စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပေါ့လေ။ သူတို့အချက် ၆ ချက်က ဘုရားပွဲမပျက်အောင် ဆောင်ရွက်မယ်ဆိုရင် ဘယ်လိုသဘောထားမှ မရှိပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013