DVB Logo
Home
မြန်မာသတင်း
နေပြည်တော် ဖျော်ဖြေရေးမြို့တော်အသွင်ဆောင်လာဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
March 24, 2019
နေပြည်တော် ဖျော်ဖြေရေးမြို့တော်အသွင်ဆောင်လာဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

နေပြည်တော်ဟာ ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ မြို့တော်တခုအသွင် စတင်လာပြီလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မတ်လ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပြီး လုပ်ငန်းရှင်ကြီးတွေ ရုပ်ရှင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံကြဖို့လည်း ဖိတ်ခေါ် လိုက်ပါတယ်။

“ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း နေပြည်တော်မှာ ရုပ်ရှင်ဇာတ်ကား သုံးကား၊ ဇာတ်လမ်းတွဲ သုံးတွဲနဲ့ ဇာတ်လမ်းတိုတစ်ခုကို လာရောက်ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။ နေပြည်တော်ဟာ ဖျော်ဖြေရေးနဲ့ပတ်သက်တဲ့ မြို့တော်တခုအသွင် စတင်လာပြီဆိုတဲ့အသိနဲ့ အလွန်ပဲ ဝမ်းသာမိ ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနဲ့ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများရဲ့ ရုပ်ရှင်ကဏ္ဍအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာတာနဲ့အမျှ ကျွန်မတို့မျှော်လင့်ခဲ့တဲ့ နေပြည်တော်မှာ ရုပ်ရှင်မြို့တော် တည်ဆောက်ရေးဆိုတဲ့ အတွေးဟာ လက်တွေ့ဖြစ်လာနိုင်တဲ့ အခြေအနေကို ပုံဖော်ပေးနိုင်တော့ မှာ ဖြစ်ပါတယ်။”

မြန်မာ့ရုပ်ရှင်ကို ကမ္ဘာက စိတ်ဝင်စားအလေးထားတဲ့ ရုပ်ရှင်ယဉ်ကျေးမှု တရပ်အဖြစ် တည်ဆောက်စေချင်တယ်လို့လည်း ပြောပါတယ်။

“ကျမတို့အာရှမှာ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ အိန္ဒိယရုပ်ရှင်ဇာတ်ကားတွေဟာ မိမိတို့ရဲ့ ယဉ်ကျေးမှုသမိုင်းတန်ဖိုးတွေနဲ့ တံဆိပ်ခတ်ထားပြီး ကမ္ဘာမှာ ထင်ရှားကျော်ကြားနေပါတယ်။ ကျမတို့အနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တွေ၊ အနုပညာအမွေ အနှစ်တွေကို တမူ ထူးခြားတဲ့ရှုထောင့်က ဖော်ထုတ်ပြနိုင်ပြီး ကမ္ဘာကစိတ်ဝင်စားအလေးထားတဲ့ ရုပ်ရှင် ယဉ်ကျေးမှု တရပ်အဖြစ် တည်ဆောက်စေချင်ပါတယ်။ သူတို့လို ရုပ်ရှင်များကတဆင့် ဖော်ထုတ်ပြသ နိုင်မယ်ဆိုရင် နောင်မျိုးဆက်တွေအထိ ဂုဏ်ယူရမယ့် မှတ်တိုင်တွေအဖြစ် မော်ကွန်းတင်နိုင်မှာပဲ ဖြစ်ပါတယ်။”

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၂ဝ၁၈ ခုနှစ်အတွင်း ရုံတင် ပြသခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကား ၈၃ ကားထဲကနေ ဆန်ခါတင် ၂၅ ကားကို အဆင့်ဆင့်အကဲဖြတ်ရွေးချယ်ခဲ့ပြီး အဲ့ဒီ ဇာတ်ကားတွေထဲက ထူးချွန်ဆုတွေကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013