DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် လစဉ်အလုပ်အကိုင်အခွင့်အလမ်း ၂၀၀၀ ခန့် ဖန်တီးပေးထားဟု ဦးဖြိုးမင်းသိန်း ပြော
DVB
·
March 24, 2019
ရန်ကုန်တိုင်းတွင် လစဉ်အလုပ်အကိုင်အခွင့်အလမ်း ၂၀၀၀ ခန့် ဖန်တီးပေးထားဟု ဦးဖြိုးမင်းသိန်း ပြော
Donate to DVB

ရန်ကုန်တိုင်းမှာ လတိုင်းလတိုင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၀ ဝန်းကျင်လောက်ကို ဖန်တီးပေးနေတယ်လို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

မတ်လ ၂၃ ရက်က တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ လူငယ်များနှင့်တွေ့ဆုံပွဲ အခမ်းအနားမှာ ပြောခဲ့တာပါ။

“ရန်ကုန်ကို ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်ကနေ ကျွန်တော်တို့ တိုင်းကို အများကြီးရွှေ့ပြောင်းလာကြတာဖြစ်ပါတယ်။ ကျနော်တို့ ရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ခုရှိပါတယ်။ အထူးစီးပွားရေးဇုန်ကြီး ၁ ခုရှိပါတယ်။ တိုင်းဒေသကြီးဘက်က ရင်းနှီးမြှုပ်နှံမှု နဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးနေတဲ့ အခြေအနေဟာ လတိုင်းလတိုင်းမှာ ကုမ္ပဏီ ၁၀ ခု လောက်ကို လုပ်ကိုင်ခွင့်ထုတ်ပေးနေပြီဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၀ ဝန်းကျင်လောက်ကို ဖန်တီးပေးနေတာဖြစ်ပါတယ်။”

အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာတာနဲ့ အမျှ လူငယ်တွေ အခွင့်အလမ်းတွေ ရယူနိုင်ဖို့ဖြစ်တယ်လို့လည်း ၀န်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်က “ရန်ကုန်တိုင်းဒေသကြီးအစိုးရဘက်က လူငယ်ရေးရာနှင့် ပတ်သက်ပြီး မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ပြီးပါက အကောင်အထည်ဖော်တဲ့ အခြေအနေများမှာ တိုင်းဒေသကြီးရှိ လူငယ်များက အဓိက စွမ်းဆောင်ကြရမှာဖြစ်တယ်၊ တိုင်းဒေသကြီးဘက်က လူငယ်များရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဘက်ပေါင်းစုံက ကူညီ အားပေး ဆောင်ရွက်သွားမှာဖြစ်တယ်၊ တိုင်းဒေသကြီးအစိုးရဘက်က  ဧပြီ ၁ရက်နေ့မှာ အဲ့ဒီ ပရောဂျက်ကို (၆)လ ပထမ စီမံကိန်းနဲ့ စတင်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်၊ လူငယ်မူဝါဒတွေ ချမှတ် ပြီးရင် ရန်ကုန်မြို့ရှိ လူငယ်များဟာ လူမှုအကျိုးပြုလုပ်ငန်းတွေ၊ လူငယ်တွေရဲ့ ဘဝမြှင့်တင် ဆောင်ရွက်ရေး၊ Vocational ကျောင်းများရှိ သင်ကြားရေး ကဏ္ဍတို့မှာ အကူအညီပေးနိုင်မှာ ဖြစ်တယ်၊ အဲ့ဒီနယ်ပယ်တွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်” လို့လည်း ပြောပါတယ်။

အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်း ဒေသကြီးရှိ လူငယ်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြတယ်လို့ တိုင်းအစိုးရသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013