DVB Logo
Home
မြန်မာသတင်း
ရှားပါးသင်းခွေချပ်အား သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနသို့ လွှဲပြောင်းပေးအပ်
DVB
·
March 24, 2019
ရှားပါးသင်းခွေချပ်အား သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနသို့ လွှဲပြောင်းပေးအပ်
1 / 4
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာတွေ့ရှိတဲ့ ရှားပါးသင်းခွေချပ်တကောင်ကို မြို့နယ် စာရေးဆရာအသင်းမှ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှာ မတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက မိုးညှင်းမြို့ နယ်စာရေးဆရာအသင်းမှ သစ်တောဦးစီးဌာန သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန တောအုပ် ဦးနေမျိုးထွန်းကို ရှားပါး သင်းခွေချပ် အထီးတကောင်ကို လွှဲပြောင်းပေးအပ်ခဲ့တာပါ။

“မိုးညှင်းမြို့နယ် စာရေးဆရာအသင်း နာယက (၂) ဦးသန်းမောင်နဲ့ ဇနီးဒေါ်ညိုညိုယဉ် တိုက သူတို့ရော်ဘာခြံထဲက ဖမ်းမိတဲ့အတွက် ကျနော်တို့ မြို့နယ်စာရေးဆရာအသင်းကို လှူတာပါ။ အဲ့ဒါကို ကျနော်တို့က သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး လာရောက် လွှဲပြောင်းပေးအပ်တာပါ။ သားငှက်အဖွဲ့ကလည်း ၂၄ ရက်နေ့မှာ အင်းတော်ကြီး နန့်မွန်း သဘာဝ ဘေးမဲ့တောကို သွားလွှတ်ပေးမှာဖြစ်တဲ့အတွက် ကျနော်တို့လည်း သွားရောက်ပူးပေါင်းမယ်”လို့ မိုးညှင်းမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောပါတယ်။

သင်းခွေချပ်ဟာ အလေးချိန် ၂ ပိဿာလောက်ရှိပြီး မိုးညှင်းမှာ ဝယ်သူက ၅ သိန်းပေးပြီး မြစ်ကြီးနားရောက်လျှင် ၈ သိန်းနဲ့ ၁၀ သိန်းကြား ရမယ်လို့ သိရပါတယ်။ သင်းခွေချပ်ဟာ ရွှေရောင်ဖြစ်တဲ့အတွက် ဈေးပိုရတယ်လို့ ဦးသန်းမောင်ကပြောပါတယ်။

သင်းခွေချပ်မှာ မလေးသင်းခွေချပ် (Sunda Pangolin Manis Javanica)မျိုးနဲ့ တရုတ် သင်းခွေချပ်(Chinese Pangolin Manis Pentadacty) နှစ်မျိုးရှိပြီး အခုတွေ့ရှိရတဲ့ မြန်မာပြည်က သင်းခွေချပ်တွေဟာ တရုတ်သင်းခွေချပ်မျိုးဖြစ်ကြောင်း သိရပါတယ်။

သတင်း - ခင်သန်းညွန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013