ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုတင်မဲပေး
DVB
·
March 24, 2019

1 / 2
မတ် ၃၁ ရက်နေ့ ကျင်းပမယ့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြိုတင်မဲပေးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညနေပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီဝင် အဆင့်ဆင့် ရွေးကောက် တင်မြောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေး ကြိုတင် ဆန္ဒမဲပေးခဲ့တာပါ။
စည်ပင်ရွေးကောက်ပွဲကို ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်က မဲဆန္ဒနယ် ၆ ခုသတ်မှတ်ရာမှာ ကိုယ်စားလှယ်လောင်း ၂၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။











