DVB Logo
Home
မြန်မာသတင်း
ချမ်း​အေးသာစံမြို့နယ်​တွင် ​နေအိမ် ၄ လုံး မီး​လောင်
DVB
·
March 24, 2019
ချမ်း​အေးသာစံမြို့နယ်​တွင် ​နေအိမ် ၄ လုံး မီး​လောင်
1 / 8
Donate to DVB

မန္တ​လေးတိုင်း​ဒေသကြီး ချမ်း​အေးသာစံမြို့နယ်​ အောင်​နန်းအ​ရှေ့ ရပ်​ကွက်​ အကွက်​အမှတ်​ ၅၅၇ မှာ မတ်​လ ၂၃ ရက်​​နေ့ည ၁၀ နာရီလောက်က ​နေအိမ်​ ၄ လုံးနဲ့ ဆိုင်​တစီး မီး​လောင်​မှုဖြစ်​ပွားခဲ့ပါတယ်​။

“ကျမတို့က အကယ်​ဒမီဆု​ပေးပွဲကြည့်နေကြတုန်း အုံးက​နဲ့မြည်​သံကြီးကြားလိုက်​ရတယ်​။ အရမ်း​ကြောက်​ဖို့​ကောင်းတယ်​။ ခဏနေ​တော့ မီး​တောက်​​တွေ ထွက်​လာ​တော့ ကျမတို့လည်း မီး မီးလို့ထ​အော်​ကြတယ်​။ ဒါ​ပေမယ့် အဲအချိန်​မှာ​ မီးကအား​ကောင်း​နေပြီ ဘာမှယူချိန်​မရလိုက်​ဘူး” လို့ မီး​ဘေးသင့်ခံရတဲ့ ​ဘေးအိမ်​က အမည်​မ​ဖော်​လိုသူ အမျိုးသမီး​ပြောပါတယ်​။

မီးလောင်မှုဖြစ်စဉ်ကို လယ်​ဗယ်​ သရီးသတ်​မှတ်​ပြီး သံ​န္ဓေ ၅၀၊ အရံ ၁၅၀၊ မီးသတ်​ကား ၅၀​ ရေသယ်​ယဉ်​ ၂၀ စီး၊ အုပ်​ချုပ်​​ရေးယဉ်​ ၂ စီးနဲ့ မီးငြှိမ်းသတ်​နိုင်​ခဲ့ပါတယ်​။

“​လောင်​တဲ့အိမ်​​နောက်​က ကြား​တွေထဲမှဆိုတော့ ​တော်​​တော်လေး မီးငြှိမ်းသတ်​ရတာ ခက်​တယ်​။ အိမ်​က​ လေးလုံးနဲ့ တခြမ်း​လောင်​ နှစ်​လုံးပါ ဂို​ထောင်​လို့ ထင်​တယ်​။ အထဲမှာ ကျွန်းစားပွဲခုံ​တွေ​တော့ မီး​လောင်​ဆုံးရှုံးခဲ့တယ်​” လို့ မန္တ​လေးခရိုင်​ မီးသတ်​ဦးစီးမှူး ဦးထက်​​အောင်​က ​ပြောပါတယ်​။

မီး​လောင်​မှုမှာ ​အိမ်​ရှင်​​ဒေါ်ငြိမ်းငြိမ်း​နေအိမ်​က ​ရေခဲ​သေတ္တာမီးဖြတ်​ဆက်​က အပူလွန်​ကဲရာ က စတင်​မီး​လောင်​ခဲ့တာဖြစ်​ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၄၁ သိန်းကျော်ဖိုးလောက် ဆုံးရှုံးခဲ့ပါတယ်​။

မီး​လောင်​မှု​ကြောင့် မီး​ဘေးသင့်မိသားစုဝင်​ အိမ်​​ထောင်​စု ၈ စုနဲ့ လူဦး​ရေ ၂၄ ဦးကို တက်​မ​တော်​ တာဝန်​ရှိသူတွေနဲ့ သက်​ဆိုင်​ရာတွေက လာ​ရောက်​အား​ပေးစကား ​ပြောကြားခဲ့ပြီး အကူအညီတွေ ​ပေးနိုင်ဖို့ ​​ဆောင်​ရွက်​​နေကြပါတယ်​။

မီး​စတင်​​လောင်​ခဲ့တဲ့ အိမ်​ရှင်​​ဒေါ်ငြိမ်းငြိမ်းကို (ပ-၂၇၉/၂၀၁၉) ပုဒ်​မ ၂၈၅နဲ့ အမှတ်​ ၈ မြို့မစခန်းက အမှုဖွင့်အ​ရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013