DVB Logo
Home
မြန်မာသတင်း
မန္တလေးပုသိမ်​ကြီးမြို့နယ်​တွင် ​မီးလောင်၊ နေအိမ်​ ၇ လုံး ပျက်စီးဆုံးရှုံး
DVB
·
March 23, 2019
မန္တလေးပုသိမ်​ကြီးမြို့နယ်​တွင် ​မီးလောင်၊ နေအိမ်​ ၇ လုံး ပျက်စီးဆုံးရှုံး
Donate to DVB

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ပုဂံတပ်ကျေးရွာမှာ မတ် ၂၃ ရက် မွန်းတည့် ၁၂ နာ ရီ​ကျော်​က မီးလောင်မှုဖြစ်ပွားခဲ့ရာ ​နေအိမ်​ ၇ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒေါ်နီရဲ့ နေအိမ်အပေါ်ထပ်က ဆိုလာပြား အားသွင်းထားရာက​နေ အပူလွန်ကဲ မီးစတင်​​လောင်​ခဲ့တာဖြစ်​ပြီး အနီးအနားက နေအိမ် ၅ လုံးနဲ့အတူ နွားစာတဲ ၂ လုံး၊ စက်ဘီး ၅ စီးနဲ့ အိမ်ထောင်ပရိဘောဂတွေ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနက ဒုဦးစီးမှူး ဦးနေမျိုးလင်းက ​ပြောပါတယ်​။

မီး​ဘေးသင့်ခံရတဲ့ အိမ်​ရှင်​ ဦးမွတ်​က “ကျ​နော်​က မြို့ထဲသွား​နေတာ​လေ၊ ရွာမှာ မီး​လောင်​​နေ​တယ်ဆိုတာကြား​တော့ အရမ်းစိတ်​ပူမိတယ်​။ ​မြေး​လေး​တွေက အိမ်​မှာကျန်​ခဲ့တာ​လေ၊ အိမ်​​ရောက်​​တော့ အိမ်​ကပြာပဲ ကျန်​​တော့တယ်​၊ ဘာပစ္စည်းမှ မရလိုက်​ဘူး။ ​တော်​​သေးတယ်​ ​မြေးတ​ယောက်​မှ ဘာမှမဖြစ်​ဘူး။ သူတို့ကိုမြင်​လိုက်မှာ စိတ်​သက်​သာရာရ​တော့တယ်။ ​ရွှေထည်​ပစ္စည်း​တွေလည်း ပါသွားတယ်​” လို့ ​ပြောပါတယ်​။

မီးလောင်ခဲ့တာ​ကြောင့် ဆုံးရှုံးမှုတန်ဖိုး ၁၀၉၂၀၀၀ ကျပ်လောက် ရှိတယ်လို့ မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးနေမျိုးလင်းက ​ဆိုပါတယ်​။

နေအိမ်တွေ မီးလောင်ခဲ့တဲ့အတွက် အိမ်​​ထောင်​စု ၁၅ စု၊ လူဦး​ရေ ၂၈ ဦး မီးဘေးသင့်ခဲ့ပြီး ရွာဦးဘုန်းကြီး​ကျောင်းမှာ ယာယီရွှေ့ပြောင်းထားရှိကာ ပုသိမ်​ကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

မီးလောင်မှုကို သန္ဓေ ၅၀၊ အရံ ၁၅၀၊ မီးသတ်​ကား ၅၀၊ ​ရေသယ်​ယဉ်​ ၁၅ စီးနဲ့ မီးငြိမ်းသတ်​နိုင်​ခဲ့ပါတယ်​။

မီးစတင်လောင်ကျွမ်းတဲ့ အိမ်​ရှင်​ဖြစ်​သူ​ဒေါ်နီကို သက်ဆိုင်ရာရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အ​ရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013