DVB Logo
Home
မြန်မာသတင်း
တိုင်စာများ ရန်ကုန်တိုင်းအစိုးရကို ပေးပို့ပြီးဖြစ်၊ အရေးယူခြင်း ရှိမရှိ မသိရဟု ကော်မတီပြော
DVB
·
March 23, 2019
တိုင်စာများ ရန်ကုန်တိုင်းအစိုးရကို ပေးပို့ပြီးဖြစ်၊ အရေးယူခြင်း ရှိမရှိ မသိရဟု ကော်မတီပြော
Donate to DVB

တိုင်ကြားစာစိစစ်ရေးကော်မတီက စိစစ်ပေးပို့လိုက်တဲ့ တိုင်စာတွေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ပို့ပေးလိုက်ပေမယ့် အရေး ယူတာ ရှိမရှိ  မသိရဘူးလို့ တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး ၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာစိစစ်ရေး ကော်မတီက ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာများ အသနားခံစာများ စိစစ်ရေးကော်မတီကို တိုင်စာပေါင်း ၅၀၀ နီးပါးရောက်ရှိခဲ့ပြီး အဲဒီအထဲက တိုင်စာ ၃၈၀ နီပါးကို စိစစ်အတည်ပြုပြီးဖြစ်တယ်လို့ ကော်မတီအတွင်းရေးမှူး ဦးတင်ဝင်းကပြောပါတယ်။

စိစစ်ပြီးတဲ့တိုင်စာတွေကို ကော်မတီရဲ့ တွေ့ရှိချက်တွေနဲ့သဘောထားမှတ်ချက်တွေရေးပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက နေတဆင့် အစိုးရအဖွဲ့ကို ပေးပို့ခဲ့ပြီးဖြစ်ပေမယ့် ကျူးလွန်သူတွေကို အရေးယူတာ ရှိမရှိ မသိရဘူးလို့လည်း ဆိုပါတယ်။

ကျူးလွန်ခဲ့တဲ့ အစိုးရဝန်ထမ်းတွေကို ဘယ်လို အရေးယူဆောင်ရွက်ခဲ့သလဲဆိုတဲ့ အကြောင်းပြန်စာ အစိုးရအဖွဲ့က ကော်မတီကို ပေးပို့တာမရှိလို့ တိုင်ကြားတဲ့ပြည်သူတွေကို ပြန်ပြောပြဖို့ အခက်ခဲရှိနေပါတယ်။

သက်ဆိုင်ရာ ဝန်ကြီးဌာနကို ကော်မတီက ဖုန်းဆက်မေးရင်လည်း အရေးယူလိုက်ပါပြီ၊ ဆောင်ရွက်လိုက်ပါပြီ ဆိုတဲ့ အကြောင်းသာ သိရတယ်လို့ ဦးတင်ဝင်းက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများအသနားခံစာများ စိစစ်ရေးကော်မတီကို ရောက်ရှိလာတဲ့ တိုင်စာတွေထဲမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနဲ့ ပတ်သက်တာက အများဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဌာန၊ တရားရေးဌာန စတဲ့ဌာနတွေကိုလည်း တိုင်တဲ့ စာတွေရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013