DVB Logo
Home
မြန်မာသတင်း
ရ​သေ့​တောင်​ ဆင်​ခုံတိုင်ကျေးရွာသို့ စစ်​​ရှောင်​ဒုက္ခသည်​ ၁၂၀၀ ကျော် တိမ်းရှောင်လာ
DVB
·
March 23, 2019
ရ​သေ့​တောင်​ ဆင်​ခုံတိုင်ကျေးရွာသို့ စစ်​​ရှောင်​ဒုက္ခသည်​ ၁၂၀၀ ကျော် တိမ်းရှောင်လာ
Donate to DVB

ဘူးသီး​တောင်မြို့နယ်​ စေတောင်​​ကျေးရွာ ပတ်​၀န်းကျင်​တ​၀ိုင်​ တပ်​မ​တော်​က မတ်​လ ၂၁ ရက်​​နေ့မှာ နယ်​​မြေရှင်းလင်းရေးလုပ်နေလို့ ဆင်​ခုံ​တိုင်​​ကျေးရွာကို စစ်​​ဘေးဒုက္ခသည်​ ၁၂၄၂ ဦး ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ကျေးရွာ အုပ်​ချုပ်​​ရေးမှူးက​ အတည်​ပြုပြောပါတယ်​။

“ဒီ​နေ့ မတ်​လ ၂၂ ရက် ​မနက်​ ၇ နာရီ​လောက်​မှ စပြီး အနီးအနား​ကျေးရွာတွေနဲ့ ဘူးသီး​တောင်​ စေတောင်​​ကျေးရွာက ရွာထွက်ပြေးလာကြတာပါ။ ဒီနေ့ မတ် ၂၂ ရက် နေ့လယ်ပိုင်းမှာလည်း တပ်မတော်က ရေကောက်ချောင်းကျေးရွာအနီး နယ်မြေရှင်းလင်း ပစ်ခတ်နေတော့ ဒီက  ဒုက္ခသည်တွေ စိုးရိမ်မှု မြင့်တက်​နေပါတယ်။ သူတို့မှာက အဝတ်တထည် ကိုယ်တခု ပြေးလာကြတာဆိုတော လိုအပ်တာတွေကို ဒီကပဲ ကူညီနေရပါတယ်။ အရပ်ဘက်အဖွဲ့တွေကတော့ လာရောက်ကူညီနေကြပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ လိုအပ်တာတွေ ကူညီထောက်ပံ့ပေးဖို့ မြို့နယ်အထွေထွေက ခေါ်ထားပါတယ်” လို့ပြောပါတယ်။

လက်ရှိမှာ ရသေ့တောင် ဆင်ခုံတိုင်ကျေးရွာကို ရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ဘူးသီးတောင်မြို့နယ် စေတောင်ကျေးရွာက အိမ်ထောင်စု ၂၂၉ စု လူဦးရေ ၁၀၁၉ ဦး၊ ကံပြင်ကျေးရွာမှ ၅၂ စု လူဦးရေ ၁၈၇ ဦး၊ စပါးထား ကျေးရွာမှ ၆ စု လူဦးရေ ၂၀၊ ရေခေါင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၇ စု လူဦးရေ ၁၆ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ရေ​ခေါင်းချောင်း​ကျေးရွာက ကို​အေးထွန်းက​ "မတ်​ ၂၂ ရက်​​နေ့ ​နေလယ် ၂ နာရီ​လောက်​မှ စပြီး ၅ နာရီ​လောက်​ထိ လက်​နက်​ကြီး​တွေပစ်​​နေတာပါ။ ဘယ်​လိုမှ ​ရွာမှာ​နေလို့ အဆင်​မ​ပြေတာ​ကြောင့် ထွက်​​ပြေးလာရတာပါ။ ရွာမှာကျန်​​နေခဲ့တဲ့ နွား၊ ကျွဲ၊ ၀က်​၊ ကြက်​နဲ့ ​နေအိမ်​​တွေ ဘာဖြစ်​​နေမလဲ မသိ​တောပါဘူး” လို့​ ပြောပါတယ်​။

မတ်​ ၂၁ ရက်​​နေ့ ​​တပ်​မ​တော်​က နယ်​​မြေရှင်းလင်းနေ စေတောင် အနီးအနားရှိ ကျေးရွာတွေက ဒေသခံတွေဟာ ဆင်ခုံတိုင်ကျေးရွာအပြင် စေတီတောင်၊ အိုးဖောက်၊ ဈီးချောင်း၊ သေကံခွဆုံ ကျေးရွာတွေကိုလည်း ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာတော့ နယ်မြေတည်ငြိမ် အေးချမ်းရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းကို ရေခေါင်းချောင်း ကျေးရွာနဲ့ စေတောင်ကျေးရွာအကြား အေအေအဖွဲ့က မတ် ၂၁ ရက် ည ၉ နာရီခွဲလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ည ၁၁ နာရီလောက်မှာ ရပ်တန့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013