DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ကျေးရွာအချို့မှ ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
DVB
·
March 23, 2019
ရခိုင်ပြည်နယ် ကျေးရွာအချို့မှ ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
Donate to DVB

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ် အကြားမှာတည်ရှိတဲ့ ကျေးရွာတွေအတွင်း ရခိုင့်တပ်မတော် အေအေအဖွဲ့ဝင်တွေ ရှိ၊ မရှိ တပ်မတော်ဘက်က ဝင်ရောက်ရှာဖွေ နေတာကြောင့် ကျေးရွာ ၅ ခုလောက်က ဒေသခံ ၂၀၀၀ ကျော်တို့ မင်းပြားမြို့နယ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မြောက်ဦးမြို့နယ် မြိုချောင်း၊ ကျောင်းတောင်နဲ့ မင်းပြားမြို့နယ် ပန်းမြောင်းအုပ်စု ရွာသစ်၊ ရွာဟောင်းကွက်သစ်၊ စာသင်ကျောင်းကွက်သစ် စတဲ့ကျေးရွာတွေက ထွက်ပြေးလာကြတာဖြစ်ပြီး ရွှေဖောင်တိန်ကျေးရွာ၊ အောင်င်္ဂလာကျေးရွာဘုန်းတော်ကြီးကျောင်းနဲ့ ရွာသစ် ကျေးရွာပရိယတ္တိတက္ကသလိုလ်ကျောင်းတွေမှာ ခိုလှုံနေကြတာပါ။

ရွှေဖောင်တိန်ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူ ဦးမျိုးခိုင်က “အခုလက်ရှိ ဒုက္ခသည်တွေက ရွှေဖောင်တိန်ကျောင်းမှာ ၆၀၀ ကျော်လောက်ရှိတယ်။ အောင်မင်္ဂလာကျောင်းမှာ ၂၃၀ ကျော်လောက် ရှိပါတယ်။ ပရိယတ္တိတက္ကသိုလ်ရွာသစ်ကျောင်းမှာ ၉၀၀ ကျော်လောက်ရှိပါတယ်။ စစ်တပ်က ရွာထဲဝင်လာရင် ရွာသားတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပြီး နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို ကြောက်လို့ ထွက်ပြေးလာတာက ပိုများပါတယ်” လို့ ပြောပါတယ်။

တပ်မတော်က ကျေးရွာအတွင်း ၀င်ရောက်ပြီး အေအေအဖွဲ့ဝင်တွေ ရှိမရှိ စစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ပန်းမြောင်းရွာသစ် ရွာသားတဦးက ပြောပါတယ်။

စစ်ဆေးမေးမြန်းခံရတာ အမျိုးသား ၁၀၀ ကျော်ပါဝင်ပြီး ရွာသား ၄ ဦးကိုလည်း လက်ရှိအချိန်ထိ ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ရွာသစ်က လူငယ် နှစ်ယောက်။ မြိုချောင်းရွာကလူငယ် ၂ ယောက်ပါသွားတယ်။ အားလုံးပေါင်း ၄ ယောက်ပါသွားတယ်။ ဒ်ီနေ့ထက်ထိ ပြန်မရောက်သေးဘူး။ အဆက်သွယ်လည်း မရဘူး။”

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်ဇော်ဦးဆီကို ဆက်သွယ်ရာ ဖုန်းပိတ်ထားတဲ့အတွက် တပ်မတော်ဘက်က သဘောထားကို မေးမြန်းတင်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ့အပြင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းကိုင်ခြင်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013