DVB Logo
Home
Lead Story
အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ
DVB
·
March 22, 2019
အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆု ဘယ်သူရနိုင်မလဲ
Donate to DVB

၂၀၁၈ ခုနှစ် တနှစ်တာအတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ကား တွေထဲမှာ ထူးချွန်ပြောင်မြောက်စွာ ကြိုးစားခဲ့ကြတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့်မယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားကို မနက်ဖန် မတ်လ ၂၃ ရက်ညနေမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကား ရုံတင်ပြသနိုင်ခဲ့ပြီး အဲဒီထဲကမှ ဒုတိယအဆင့်ဆန်ကာတင် ရုပ်ရှင်ကား ၂၅ ကားကို ရွေးချယ်ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒီကားတွေထဲမှာတော့ ပုံမှန်သမားရိုးကျ အခြေအနေတခုကနေ ပြန်လည်ခွဲထွက် ပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားတွေလည်း ပါဝင်နေ ခဲ့တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အကယ်ဒမီပေးပွဲကို ဦးဆောင်ကျင်းပပြု လုပ်လာတာ ၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခုနှစ်မှာတော့ အကယ်ဒမီဆု ၁၁ဆု ချီးမြှင့်သွားမှာ ဖြစ် ပါတယ်။

ဒါရိုက်တာဆိုတာ ရုပ်ရှင်ကားတကားရဲ့ အသက်သွေးကြော၊ အဓိက ပဲ့ကိုင်ရှင် ဖြစ်တာမို့ အခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် ဘယ်သူတွေကများ ဆွတ်ခူး ရရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပရိသတ်တွေကရော ရေပန်းစားနေတဲ့ ဒါရိုက်တာတွေထဲမှာ ဘယ်သူက အခုနှစ် ရဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကို ဆွတ်ခူးသွားနိုင်မလဲဆိုတာကို ခန့်မှန်းပေးကြပါဦး။

ဏကြီး

နာမည်ကြီး စာရေးဆရာမကြီး ကြည်အေးရဲ့ ၀တ္ထုကို ကိုယ်တိုင်ဇာတ်ညွှန်းခွဲ၊ ကိုယ်တိုင်ရိုက်ကူးထားခဲ့တဲ့ မီရုပ်ရှင်ကားဟာ ပရိသတ်တွေကြားမှာတော့ တကယ့်ကို ချီးကျူးစရာ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပြီး ဒါရိုက်တာဆုအတွက်ပါ ဏကြီးကို ထင်ကြေး ပေးနေကြပါတယ်။

၁၉၅၀ ပြည့်လွန်ကာလကို အခြေတည်ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်းဟာ  နားလည်ရ ခက်တဲ့ မီဆိုတဲ့ မိန်းကလေးတယောက်ကြောင့် ယောက်ျားတွေ အရူးအမူး ဖြစ်ကြတဲ့ အကြောင်း၊ ချစ်တဲ့ စိတ်တဖက်၊ သံသယစိတ်တဖက်နဲ့ မီကို လက်ထပ်ယူခဲ့တဲ့ အမျိုးသားတယောက် အကြောင်းကို တင်ပြထားခဲ့တာပါ။ ဒီကားထဲမှာတော့ အဲဒီ ခေတ်ကလို အပြင်အဆင်တွေ၊ အထူးပြုလုပ်မှုတွေနဲ့ ရုပ်ရှင်အဖြစ် ပုံပေါ်လာအောင် ရိုက်ကူးထားခဲ့တာတွေကို ရှုစားခဲ့ကြ ရတာပါ။

ဒီကားထဲမှာတော့ အဓိကဇာတ်ကောင် မီနေရာမှာ သရုပ်ဆောင်မင်းသမီး ပိုင်ဖြိုး သုက ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲထိုက်တို့က အတွဲညီညီ တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ရုပ်ရှင်ကားတကားလုံးကို ပြီးဆုံးတဲ့အထိ ဆွဲဆောင်ထားနိုင်ခဲ့တဲ့ မီရဲ့ ပဲ့ကိုင်ရှင် ဏကြီးက အကယ်ဒမီဆုကို ဆွတ်ခူးနိုင်မလားဆိုတာ မကြာခင်မှာ သိနိုင်တော့မှာ ဖြစ်ပါ တယ်။

သြရသ

မုန်းစွဲရုပ်ရှင်နဲ့ အကယ်ဒမီရှေ့ပြေးစာရင်းဝင်နေတဲ့ ဒါရိုက်တာတဦးကတော့ သြရ သပဲ ဖြစ်ပါတယ်။

ဖြစ်ရပ်မှန် တရားတော်တပုဒ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က ရုံတင်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံအားပေးမှု တွေ ရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ဒီကားကိုတော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွင်မင်းအံ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ သြရသက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါ တယ်။

ဒီရုပ်ရှင်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ အသေလှတဲ့သူ အမည်ရတဲ့ ဖြစ်ရပ်မှန်တရားတော်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။

ချစ်စွဲ မုန်းစွဲ’ နဲ့ သေပြီးတော့ လူအဖြစ်ဝင်စားတဲ့အခါမှာ မုန်းစိတ်က အရမ်းစွဲ လမ်းနေပြီး မုန်းစွဲစိတ်နဲ့ လူဝင်စားဖြစ်ချိန်မှာ ဒုက္ခများရတဲ့အကြောင်းတွေ၊  အဓိက, က တော့ ဘဝကို ချစ်ခြင်း၊ မုန်းခြင်း ကင်းကင်းနဲ့ ရှေ့ဆက်ဖို့ လိုတဲ့အကြောင်း၊ လက်ရှိ ဘ၀မှာရော၊ သံသရာမှာရော အစွဲအလမ်း မကြီးသင့်တဲ့အကြောင်း၊ အမုန်းတရားတွေ ကင်းစင်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းရဲ့ ပဲ့ကိုင်ရှင် သြရသကိုလည်း ပရိသတ် တွေက အကယ်ဒမီစာရင်းမှာ ထင်ကြေးပေး ရွေးချယ်ထားကြပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ နေတိုး၊ ကျော်ကျော်ဗို၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်းတို့နဲ့အတူ ကွယ်လွန်ခဲ့တဲ့ သရုပ် ဆောင်မင်းသား မင်းသွေးလည်း ပါဝင်ထားခဲ့ပြီး အပိုအလိုမရှိ သပ်ရပ်တဲ့ ရုပ်ရှင်ကား ကောင်းတကား ဖြစ်ခဲ့တာမို့ ဒါရိုက်တာ အကယ်ဒမီဆုအတွက် ရင်ခုန်စရာ ဖြစ်နေခဲ့ပါ တယ်။

ခရစ္စတီးနားခီ

မြန်မာ့ရုပ်ရှင် အလှည့်အပြောင်းလို့ တင်စားပြောခဲ့ကြရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဥပါယ်တံမျဉ်နဲ့ မုဒြာရဲ့ ခေါ်သံရုပ်ရှင်တွေရဲ့ ဖန်တီးရှင် အမျိုးသမီး ဒါရိုက်တာ ခရစ္စတီး နားခီကလည်း ပွဲဦးထွက်မှာတင် အကယ်ဒမီပြေးလမ်းပေါ် ရောက်ရှိနေခဲ့ပါပြီ။

သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကား ၂ ကားထဲက ဥပါယ်တံမျဉ်ဟာ သရုပ်ဆောင်သစ်တွေ အများစုနဲ့ သတ္တိရှိရှိ အသွင်သစ်နဲ့ရိုက်ကူးခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ်မှာရော၊ ပရိသတ် တွေကြားမှာပါ အားပေးမှုတွေနဲ့အတူ ဝေဖန်မှု၊ ချီးကျူးမှုတွေနဲ့ အုတ်အော်သောင်းတင်း ဖြစ်ခဲ့တာပါ။

ဒီရုပ်ရှင်ကားကြီးမှာ ၀ါရင့်သရုပ်ဆောင် အကယ်ဒမီမင်းဦးနဲ့ သက်မွန်မြင့်တို့က လွဲပြီး တခြား နာမည်ကြီးသရုပ်ဆောင်တွေ မပါဘဲ အသစ်တွေကို ပွဲထုတ်ထားတာကလည်း ထူးခြားမှုတခု ဖြစ်နေခဲ့ပါတယ်။

ဇာတ်လမ်းကျောရိုးအရ ပုံမှန်မြင်တွေ့နေကျ အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ်လမ်း တပုဒ်သာ ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် တကယ့်ကို ထင်မှတ်မထားတဲ့ လှည့်ကွက် တွေနဲ့ ဖန်တီးထားတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရုပ်ရှင် အမျိုးအစား ဖြစ်နေတာကလည်း ဆွဲဆောင်မှုတခုအဖြစ် ကြည့်ရှုသူတွေကို ဖမ်းစားနိုင်ခဲ့တာမို့ အကယ်ဒမီရွှေစင်ရုပ်ကို ပိုင်ဆိုင်သွားနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါပဲ။

 

ဗန်းကြီး

ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ကို အခြေပြုပြီး ဖန်တီးပုံဖော်ထားခဲ့တဲ့ ဥပါဒါန်ရုပ်ရှင် ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ဗန်းကြီးဟာ အခုနှစ်ရဲ့ အကယ်ဒမီပြေးလမ်းပေါ် ရောက်ရှိ နေခဲ့ပါတယ်။

ဒီကားဟာ ထူးခြားတဲ့ မြန်မာရုပ်ရှင်ကားတကားဖြစ်ပြီး အကြောင်းကြောင်းတွေကြောင့် ထွက်ရှိဖို့ ကြန့်ကြာနေခဲ့ရပြီး အချိန် ၁၀ နှစ်ကျော်လောက်အကြာမှ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သာသနာကို မြတ်နိုးတန်ဖိုးထားတဲ့ ရဟန်းပျိုတပါးနဲ့ ဘာသာ သာသနာအပေါ် ကြည်ညိုလွန်းခဲ့ပေမယ့် သဒ္ဓါလွန်ကဲပြီး ဆုတောင်းမှားခဲ့တဲ့ မိန်းမ ချောလေး တယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီကားကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး သရုပ်ဆောင်သစ် မင်းသား ခိုင်ထူးသာနဲ့ မင်းသမီး နန်းဆုဦးတို့က ခေါင်းဆောင် ပါဝင်ထားကြတာဖြစ်ကာ တခြား သရုပ်ဆောင်တွေ အနေနဲ့ ၀ါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခင်ဇာခြည်ကျော်၊ မေသဉ္ဇာဦး၊ ချိုပြုံးနဲ့ တခြား သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

လိုက်ဖက်ညီတဲ့ ကျရာဇာတ်ရုပ်တွေမှာ အဓိက ဇာတ်ဆောင်တွေကိုရော ဇာတ်ပို့ ဇာတ်ရံတွေကိုပါ လိုက်လျောညီထွေဖြစ်အောင် ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဖန်တီးရိုက်ကူးနိုင်ခဲ့တဲ့ ဒါရိုက်တာ ဗန်းကြီးဟာ အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုကို ရရှိနိုင်မလားဆိုတာကတော့ မကြာခင်မှာ ပရိသတ်တွေ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

 

ဝိုင်း

နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်တဲ့ ၀ိုင်းကတော့ အကယ်ဒမီ ဆန်ကာတင် ဒုတိယအဆင့်မှာ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ၄ ကားပါဝင်နေတာပါ။

ပရိသတ်ကြား ရေပန်းစားခဲ့တဲ့ ရုပ်ရှင်တွေ ဖြစ်တဲ့ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ သတို့သမီး၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကား ၄ ကားပါဝင်နေတာဖြစ်ပြီး ကြိုတင်ရင်ခုန် ရမယ့် အချိန် ဖြစ်လို့နေပါတယ်။

မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုး ဖော်ကျူးထားတဲ့ သမ္မတကြီးထံ ပေးစာကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေးဆရာ လူနေရဲ့ ၀တ္ထုကို နေနော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ၀ိုင်းက ပုံဖော် ရိုက်ကူး ပေးထားတာ ဖြစ်ပါတယ်။

ပဲပြုတ်သည် အဖွားအို တယောက်ရဲ့ စာတစောင်ကနေ ဇာတ်လမ်းစတင်ထားတဲ့ ဒီရုပ်ရှင်ကားဟာ လူသတ်မှုတစ်ခုကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တရား ဥပဒေရဲ့ အထက်မှာ အာဏာနဲ့ ငွေဟာ တကယ်ပဲ ရှိနေပြီလား။ တရားခံ မဟုတ်ဘူး ဆိုတာ သိနေလျက်နဲ့ ဒီအမှုကို ဘာကြောင့် မဖော်ထုတ်ခဲ့တာလဲ။ ဒါဟာ ငွေကြောင့်လား။ လုပ်ပိုင်ခွင့်ကြောင့်လား။ ငွေများငွေနိုင် တရားရေးကို လက်မခံနိုင်တော့တဲ့ အမှုတခုမှာ တရားဥပဒေကို မယုံကြည် နိုင်တော့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ တွေကို ဖော်ကျူးရိုက်ကူးထားတာဖြစ်ပြီး ထူးထူးခြားခြား လူငယ်သရုပ်ဆောင် မင်းသား မင်းသမီးသစ်တွေနဲ့ တွဲဖက်ရိုက်ကူးထားခဲ့ကာ အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး၊ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင် ထားကြတာပါ။

နောက်ထပ်တကားဖြစ်တဲ့ ရွှေကြာကတော့ ပြည့်တန်ဆာ မိန်းကလေးတွေရဲ့ ဘဝ တွေကို ပုံဖော်ဖန်တီးရေးဖွဲ့ထားတဲ့ ပုညခင်ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူး ပုံဖော်ပေး ထားတာဖြစ်ပြီး ဒီရုပ်ရှင်ကားမှာ ဖွေးဖွေးက အဓိက သရုပ်ဆောင်အဖြစ် ပါဝင်ထားခဲ့တာ ပါ။

ဝိုင်းနဲ့ ဖွေးဖွေးအတွဲဟာ အရင်ကလည်း အောင်မြင်တဲ့၊ ပရိသတ်လက်ခံတဲ့ ရုပ် ရှင်ကားတွေ အတော်များများ ထွက်ရှိခဲ့ဖူးပြီး အကယ်ဒမီထူးချွန်ဆုတွေ ရရှိဖူးပါတယ်။

ခုလတ်တလောရေပန်းစားနေတဲ့ အကယ်ဒမီရှေ့ပြေးရုပ်ရှင်ကားတွေမှာလည်း သေသပ်တဲ့ ရိုက်ချက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေကို ပုံဖော်ထားနိုင်တာမို့ အကယ် ဒမီဆုကို ထပ်ပြီး ဆွတ်ခူးသွားနိုင်ဦးမလားဆိုတာကတော့ စောင့်စားကြရဦးမှာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013