DVB Logo
Home
မြန်မာသတင်း
ဦးမြင့်မောင်အား တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြု
DVB
·
March 22, 2019
ဦးမြင့်မောင်အား တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ကန့်ကွက်သူမရှိ အတည်ပြု
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တိုင်းလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

ဒီကနေ့ မတ်လ ၂၂ ရက်က တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့ပြီး ဦးမြင့်မောင်ကို တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ဖို့ နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထား ရယူဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဦးမြင့်မောင်ကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ၂၀၁၃ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၈ နဲ့အညီ ဆောင်ရွက်ခဲ့တာလို့လည်း တိုင်းလွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဦးမြင့်မောင် (ခေတ္တဝန်ကြီးချုပ်)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦးနဲ့ လေ့လာသူတွေ တက်ရောက်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုနဲ့ အရေးယူ ရာထူးကနေ ရပ်စဲလိုက်ပြီးနောက် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013