DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြမည့် မန္တလေး သံဃာတော်များကို ရဲတပ်ဖွဲ့ ပင့်ဆောင်
DVB
·
October 14, 2012
ဆန္ဒပြမည့် မန္တလေး သံဃာတော်များကို ရဲတပ်ဖွဲ့ ပင့်ဆောင်
Donate to DVB

မန္တလေးမြို့မှာ  အစ္စလာမစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ဖို့ ပြင်ဆင်နေတဲ့ ဘုန်းကြီးကျောင်းတွေက သံဃာ ၄ ပါးကို ရဲတပ်ဖွဲ့က ပင့်ဆောင်သွားတယ်လို့ သိရပါတယ်။

အိုအိုင်စီအဖွဲ့ကို မြန်မာနိုင်ငံမှာ လုံးဝလက်မခံနိုင်တဲ့ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ  ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံရမှုကို ကန့်ကွက်တဲ့အနေနဲ့  မန္တလေးက သံဃာတော်တွေက အောက်တိုဘာ ၁၅ ရက်နေ့ ထပ်မံ ဆန္ဒပြဖို့ စီစဉ်နေစဉ် ဒီနေ့ မွန်းလွဲပိုင်းမှာ  အာဏာပိုင်တွေက  ခေါ်ဆောင်သွားတာပါ။

[caption id="attachment_31916" align="alignleft" width="300" caption="မန္တလေးသံဃာတော်များ အောက်တိုဘာ ၁၂ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့စဉ်(ဓာတ်ပုံ-ဒီဗွီဘီ)"][/caption]

အာဏာပိုင်တွေ ခေါ်ဆောင်သွားတဲ့ ဆရာတော်ကြီးတွေကတော့  ဂဠုန်နီဆရာတော် ဦးကာဝိရ၊ မြဝတီမင်းကြီး ဆရာတော် ဦးဝရိယ၀ံသာဘိဝံသ၊ လေးပြင်လေးရပ် သံဃသမဂ္ဂဆရာတော် ဦးဝိသုတစာရနဲ့ မဟာမင်းထင်ကျောင်းတိုက် ဆရာတော် ဦးပညာနန္ဒာလက္ခရတို့ ဖြစ်တယ်လို့ အာဏာပိုင်တွေ လာရောက် ခေါ်ဆောင်ပေမယ့် လိုက်မသွားတဲ့  ဆန္ဒထုတ်ဖော်မှု ဦးဆောင်ကော်မတီက ဘဝအလင်း ဆရာတော် ဦးဥတ္တမသာရက မိန့်ပါတယ်။

“၂ နာရီခွဲလောက် ခေါ်သွားတာ။ ဦးဝီရသူနဲ့ တိုင်းရဲတွေ လာပင့်သွားတာ။ ဆွေးနွေးစရာရှိတယ်ပေါ့။ ပထမခေါ်သွားတာက တိုင်းရဲရုံးကိုခေါ်သွားတာ၊ မနက်ဖြန် လုပ်မှာကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ ပြောတယ်။ နောက် မစိုးရိမ်တိုက်ထဲမှာ တိုင်းသံဃမဟာနာယကဥက္ကဋ္ဌ ကျောင်းကို ပင့်သွားတယ်၊ အဲမှာ မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီး၊ ခရိုင်ညွှန်ကြားရေးမှူးရယ် မွတ်ဆလင်အဖွဲ့ ၅ ဖွဲ့ရယ် ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးကြတာပေါ့။ သူတို့ပြောကြတာတော့ ၀န်ကြီးပြောစကားကတော့ သူတို့ အိုအိုင်စီကို ရုံးခန်းဖွင့်ခွင့် ပြောထားတာမျိုး မရှိပါဘူးလို့ ပြောတာတော့ ရှိတယ်။ ကျန်တာအသေးစိတ်တော့ ဦးဇင်းတို့လည်း မသိဘူး။”

ဆရာတော်တွေကို ညနေ ၅ နာရီကျော်လောက်မှာ ကျောင်းတိုက်တွေကို ပြန်ပို့ပေးခဲ့တယ် လို့ သိရပါတယ်။

မန္တလေးက သံဃာတော်တွေဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ  မန္တလေးက အိမ်တော်ရာဘုရားမှာ စုရုံးပြီး  ဆန္ဒဖော်ထုတ်ဖို့ စီစဉ် နေကြတာဖြစ်ပါတယ်။

“ဦးဇင်းတို့ကတော့ မနက်ဖြန်လုပ်မှာပဲ၊ စီစဉ်ထားတယ်။ အိုအိုင်စီ မြန်မာနိုင်ငံမှာ ရုံးစိုက်မယ့်ကိစ္စကို အစိုးရအနေနဲ့ လက်မခံနိုင်ဘူးဆိုရင်လည်း နိုင်ငံပိုင် သတင်းဌာနတွေကနေ ပွင့်ပွင့်လင်းလင်း လက်ခံမထားတဲ့အကြောင်း ကြေညာပေးဖို့။ ဘင်္ဂလားဒေ့ရှ်မှာ ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေ၊ ရုပ်ပွားတော်တွေကို ပြန်ပြုပြင်ပေးဖို့၊ ရခိုင်ပြည်ကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ ဒါတွေ တောင်းဆိုသွားမယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း မြို့ခံသံဃာတော် အပါး ၃ ထောင်ကျော်က အိုအိုင်စီ အဖွဲ့ကို ကန့်ကွက်တဲ့အနေနဲ့ မြို့တွင်းချီတက်  ဆန္ဒပြခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013