DVB Logo
Home
မြန်မာသတင်း
ကြို့ပင်ကောက် ဘော်ဘင်ချောင်းကူးတံတား မြေသယ်ကားဖြတ်ကူးစဉ် ကျိုးကျ
DVB
·
March 22, 2019
ကြို့ပင်ကောက် ဘော်ဘင်ချောင်းကူးတံတား မြေသယ်ကားဖြတ်ကူးစဉ် ကျိုးကျ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် အနောက်ဘက် ကျင်စွယ်ကျေးရွာအနီး ဘော်ဘင်ချောင်းကူးတံတား(ကျင်စွယ်) တံတားမှာ မတ် ၂၂ ရက်နေ့လယ် ၁ နာရီခွဲလောက်က မြေသယ်ကား ဖြတ်ကူးရာက တံတားကျိုးကျခဲ့ပါတယ်။

ကျေးရွာဒေသခံ ကိုကျော်မင်းဦးက "တံတားက ၂၀၁၅ ခုနှစ်ကဆောက်ထားတာ၊ အလျားပေ ၂၀၀ ရှိတယ်။ ကားက မိုးညိုဘက်ကနေပြီး ကျေးရွာတွေကို သဲလာပို့တာဖြစ်မယ်။ တံတားအလယ်လောက်မှာ ကျိုးကျသွားတာ။ ကားပေါ်မှာ လူနှစ်ယောက်ပါတယ်။ အသေအပျောက်တော့မရှိဘူး။ ထိခိုက်ဒဏ်ရာရတာတော့ ရှိတယ်။ အခုဆေးရုံသွားလို့ ရဲတွေလိုက်သွားတယ်။" လို့ ပြောပါတယ်။

ဘော်ဘင်ချောင်းကူး (ကျင်စွယ်) တံတားက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ မတိုင်ခင် မဆွယ်စည်းရုံးရေးကာလက တည်ဆောက်ခဲ့တာဖြစ်ပြီး သံကူကွန်ကရစ် သစ်သား တံတားဖြစ်ပါတယ်။

တံတားခံနိုင်ဝန်နဲ့ သက်တမ်း ဘယ်လောက်အထိ ခံမယ်လို့ ရေးထားတာမရှိဘူးလို့ ကြို့ပင်ကောက်မြို့ခံတဦးက ပြောပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013